20 C
Yangon

စစ်ကိုင်းနှင့် မွန်ပြည်နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့များ တိုက်ခိုက်ခံရပြီး စစ်သား ၄ ဦးထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၉

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ဘန့်ဘွေးရွာအတွင်းရှိ စစ်တပ်ကို ဘာမရှောင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ YMB ခရိုင်ရင်း ၃ ခွဲ ၃ နှင့် ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေး တပ်ရင်း GTF တို့က စက်တင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် စစ်​​ကြောင်း သုံးကြောင်း ထိုးကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ကင်းပုန်းများနှင့်ပါ မီတာ ၅၀ အကွာမှ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများပါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက် မှုများရှိခဲ့ပြီး စခများမှ အကျိုးကန်းကုန်းပေါ် ငွေကမ္ဘာမင်းဆီဆိုင်အနားမှ ၁၂၀ မမများဖြင့် ပစ်ခတ်ရာ ဘန့်ဘွေးရွာအတွင်းသို့ လက်နက်ကြီးများ ၂ လုံးကျရောက်ခဲ့ပြီး အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိနိုင်ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ် သံဖြူဇရပ်မြို့မှ ရေးမြို့သို့ ထွက်ခွာလာသော စစ်ကား ၄ စီးကို မွန်ပြည်နယ် တောင်ညို ပြည်သူ့ ပြောက်ကျား တပ်ဖွဲ့မှ ခြုံခို တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကား ၄ စီးကို တောင်ညို ပြည်သူ့ ပြောက်ကျားတပ်ဖွဲ့မှ ကနင်ကမော့ရွာနှင့် အောင်သာယာရွာ အကြား ပရာသား တံတားအနီး ညနေ ၆ နာရီ ၉ မိနစ်တွင် ခြုံခိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article