Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၂၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ စီးပွားရေးအကြံပေး ဩစတြေးလျ နိုင်ငံ သား ရှောင်တာနယ်ကို ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာ စစ်ကောင်စီက ထောင် ဒဏ် ၃ နှစ် စီချမှတ်လိုက်တယ်လို့သိရပါတယ်။ – အကြမ်းဖက်စစ်ခေါင်းဆောင် အာဏာလုမင်းအောင်လှိုင်ဟာ ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက မန္တလေးမှာရှိတဲ့ စက်ရုံတွေကို လှည့်လည် ကြည့်ရှုမှုတွေ လုပ်ဆောင်ခဲ့သလို ၊ သူသွားမယ့် စက်ရုံတွေကိုလည်း ၁ ရက်ကြိုတင် လုံခြုံရေး တပ်ချတာ၊ မိုင်းရှာတာတွေ နဲ့ အလုပ်သမားတွေကို စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ – တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အငြိမ်းစား-ရဲတပ်ကြပ်ဟောင်း ခင်မောင်ထူးကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ဒီကနေ့ စက်တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်ရှင်းလင်းရာမှာ သေဆုံး သွားတယ်လို့ သိရပါတယ်။ -ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ၂၅ ရပ်ကွက်၊ သံလွင်လမ်း နဲ့ ထားဝယ်လမ်း ထောင့်မှာ စစ်ကောင်စီခန့် ရာအိမ်မှူး ဇော်မင်းထွန်း နဲ့ စစ်တပ်သတင်းပေး ဒလန် နွယ်နီလှိုင်ကို စက် တင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်ရှင်းလင်းရာမှာ ရာအိမ်မှူး ဇော်မင်းထွန်း သေဆုံးသွား တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။