ရန်ကုန်၊ စက်တင်ဘာ ၂၉
မန္တလေး အမရပူရမြို့နယ်တွင် နိုင်ငံရေး အကျဥ်းသား ၈ ဦး တင်ဆောင်လာသည့် အချုပ်ကား ၁ စီး တိုက်ခိုက်ခံရပြီး ရဲ ၂ ဦးသေဆုံးကာ နိုင်ငံရေး အကျဥ်းသား ၂ ဦးလွတ်မြောက်သွားကြောင်း Truth Keeping Force- Amarapura အဖွဲ့က ပြောသည်။
နိုင်ငံရေး အကျဥ်းသားများ တင်ဆောင်လာသော အချုပ်ကားကို Truth Keeping Force အဖွဲ့နှင့် မဟာမိတ် မြို့ပြပြောက်ကျား တပ်ဖွဲ့များမှ မြစ်ငယ်တံတားအနီးတွင် ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်စဥ်အတွင်း ရဲ ၂ ဦးသေဆုံးကာ နိုင်ငံရေး အကျဥ်းသား ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် နိုင်ငံရေး အကျဥ်းသား ၈ ဦးလုံး ထွက်ပြေး နိုင်ခဲ့သော်လည်း ၆ ဦးမှာ ပြန်လည် ဖမ်းဆီးခံခဲ့ရပြီး ၂ ဦးသာ လွတ်မြောက်ကာခဲ့ကြောင်း သိရသည်။
ရန်ကုန်ခေတ်သစ်အနေဖြင့် မြေပြင်အခြေအနေနှင့် ပစ်ခတ်မှု အခြေအနေများကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။