28 C
Yangon

ရန်ကုန်မီးပွိုင့်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာ တန်း ချိတ်

Must read

ရန်ကုန်၊စက်တင်ဘာ ၂၉

လုံခြုံရေးတင်းကျပ်ပြီး ကင်းလှည့်နေသည့် လမ်း ကြောင်းများကြားမှ ရန်ကုန်မြို့တစ်နေရာတွင် တော်လှန်လူငယ် Demon မှ “ငါလိုးမ စစ်တပ်၊ ငါလိုးမ မင်းအောင်လှိုင်” စာသားပါ သပိတ်ဘန်နာ (Banner) ကို ချိတ်ဆွဲပြီး Strike ပြုလုပ်သည်။

စစ်တပ်ဆိုသည့်အဖွဲ့အစည်းသည် မြန်မာနိုင်ငံကို နှစ်ပေါင်းများစွာ အာဏာသိမ်းလာပြီး မည်သည့်အခါမှ ကောင်းကျိုးမပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ထိုသို့ ပြည်သူလူထုကို စောင့်ရှောက်ရမည့်အစား သေနတ်ပြောင်းဝကို ပြည်သူဘက်သို့လှည့်ပြီး အာဏာရှင်မင်းအောင်လှိုင်၏ လိုသုံးအဖြစ် အသုံးချခံကာ လက်ရှိအချိန်တွင် အဆုံးအစွန် ပြည်သူကို ဒုက္ခပေးနေပြီဖြစ်ကြောင်း ‌သတိပြုရန်နှင့် အာဏာရှင်မင်းအောင်လှိုင်နှင့် အပေါင်းပါတစ်သိုက်ကို အမြန်ဆုံး‌အမြစ်ဖြတ်ချေမှုန်းရန် လိုအပ်ကြောင်း သတိပေးခြင်းဖြစ်​ကြောင်း ​တက်ကြလှုပ်ရှားသူလူငယ်ကဆိုသည်။

ထို့ပြင် တောင်လှန်လူငယ် Demon မှ ပြည်သူများသို့ “မိမိတက်နိုင်သည့်ဘက်မှ တော်လှန်နည်းမျိုးစုံ၊ ပုံစံမျိုးစုံဖြင့် ပါဝင်တော်လှန်ရန်နှင့် သွေးအေးမနေသင့်ကြောင်း…” တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article