27 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၀ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ – မန္တလေးတိုင်းအတွင်း အခုရက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ရဲအပါအဝင် ကြံ့ဖွတ်ပါတီဝင်တို့ ပစ်ခတ်ရှင်းလင်း ခံခဲ့ရတယ်လို့ သိရပါတယ်။ – ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ AAနဲ့ စစ်ကောင်စီတို့ တိုက်ပွဲ ထပ်မံဖြစ်ပွားပြီး စစ်ကောင်စီက ဂျက်လေယာဉ်တွေနဲ့ ဗုံးကျဲတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ကျည်တွေ ထပ်မံကျရောက်ခဲ့တယ်လို့ Western News မှာ ရေးသားထားချက်အရ သိရပါတယ်။ – မြန်မာနိုင်ငံတစ်ဝန်း စက်တင်ဘာလ ၉ ရက်နေ့ ရရှိထားတဲ့အချက်အလက်တွေအရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၈ ဦးသေသွားကာ ၆ ဦးအရှင်ဖမ်းမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်နဲ့ ပြောဆို ချက်တွေအရ သိရပါတယ်။ – ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ-ဝေါလေကားလမ်းမှာ လက်နက်နဲ့ ရိက္ခာလာပို့တဲ့အကြမ်းဖက်စစ်တပ်ရဲ့ ခမရ ၁၀၂ ကဗိုလ်ကြီးရဲရင့်မောင် ဦးစီးတဲ့အကြမ်းဖက်စစ်သား ၆ ဦးပါအဖွဲ့ကို စက်တင်ဘာလ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲ လောက်မှာ NLA ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးရမိခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်း တွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article