24.3 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: September, 2022

ကန့်ဘလူတွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး အင်ကြင်းစုရွာမှ ဆရာတော် အရှင်သုစိတ္တ နှင့် ပြည်သူများကို ဖမ်းဆီး၊ စစ်တပ်၏လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၁၆ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး အင်ကြင်းစုရွာမှ ဆရာတော် အရှင်သုစိတ္တ နှင့် ပြည်သူများကို ဖမ်းဆီးသွားကြောင်း၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကြောင့် ပြည်သူ ၄ ဦး ထက်မနည်း ဒဏ်ရာရရှိကြောင်း ဒေသခံများနှင့် ကျွန်းလှတက်ကြွလှုပ်ရှားသူ များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးကျော်မိုးထွန်းကို သံအမတ်ကြီးအဖြစ် ဆက်ခန့်ထားရေး ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၆ ကလေးမြို့ ပင်မသပိတ် အင်အားစုများ ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် ဆက်ခန့်ထားရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးတွင် ၅/လက်ပံတောင်း သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၆ ဆားလင်းကြီးမြို့နယ်တွင် ၅/လက်ပံတောင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ "UN, Accept U Kyaw Moe Tun,who is supported by the Burmese people ၊Save the Burmese people" စာတန်းကိုင်ဆောင်ကာ ဥိီးကျော်မိုးထွန်းကို...

ဒီပဲယင်းမြို့နယ်၊ သစ်တုံနှင့်ညောင်လှကျေးရွာကို စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် ဖြင့် ပစ်ခတ်

ရန်ကုန်၊ စက်တင်ဘာ ၁၆ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ သစ်တုံကျေးရွာနှင့်ညောင်လှကျေးရွာကို စစ် တပ်က ယနေ့ မွန်းလွဲပိုင်းတွင် တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် Mi35...

ခင်ဦးတွင် ဒေသခံပြည်သူ တစ်ထောင်ကျော် ပါဝင်သည့် သပိတ် စစ်ကြောင်း ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ် ဆက်ခန့်ထားရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၆ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့၌ ဒေသခံ ပြည်သူ တစ်ထောင်ကျာ် ဦးဆောင်ကာ ကမ္ဘာ့ကုလသမဂ္ဂတွင် ဖက်ဆစ် အကြမ်းဖက် စစ်အုပ်စုကို လုံးဝလက်မခံရေး၊ ပြည်သူ့အစိုးရ NUG ကို အသိအမှတ်ပြုရေးနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ်...

NUG၊ သံအမတ် ဦးကျော်မိုးထွန်း ထောက်ခံပွဲနှင့် စစ်အာဏာရှင် ချေမှုန်းရေး ဂန့်ဂေါ PDF များနှင့် ပြည်သူများ ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၆ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ပူးပေါင်းကာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ သံအမတ် ဦးကျော်မိုးထွန်းတို့ကို ထောက်ခံပွဲနှင့် အကြမ်းဖက် စစ်အာဏာရှင် ချေမှုန်းရေး စက်တင်ဘာလ ၁၆ ရက် ယနေ့တွင် ဆန္ဒပြကြသည်။ ပြည်သူ ၂၀၀ ဝန်းကျင်က ဆန္ဒပြကြပြီး ဂန့်ဂေါခရိုင်...
00:06:47

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ စက်တင်ဘာ ၁၆ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့ - အိမ်မဲမြို့မှာ စစ်ကောင်စီဘက်က အုပ်ချုပ်ရေးမှူးဟောင်း ဗိုလ်မင်း နဲ့ ရဲတပ်ဖွဲ့တို့ ပေါင်းပြီးဖွင့်ထားတဲ့ လောင်းကစားဝိုင်းတွေဟာ စည်ကားနေပြီး ကစားသူတွေကို ရဲစခန်းက ထမင်းကျွေးတယ်ဆိုပါတယ်။ -မိုးဗြဲမြို့၊ ပွဲကုန်း ၂...

ကမာရွတ် နာနတ်တော စည်ပင်ရဲဝင်းတွင် ဗုံးပေါက်ကွဲပြီး ၃ ဦးဒဏ်ရာရ၊ သာကေတတွင် စစ်သား ပေါ်တော် ပစ်သတ်ခံရ

ရန်ကုန်၊ စက်တင်ဘာ ၁၆ ကမာရွတ်မြို့နယ်၊ နာနတ်တော စည်ပင်ရဲဝင်းအတွင်းတွင် ယနေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲပြီး စည်ပင်ရဲအတွင်းမှ လူတချို့ ထိခိုဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူ ၃ ဦး ဒဏ်ရာရရှိကြောင်း၊ မပေါက်ကွဲသေးသော...

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ စက်တင်ဘာ ၁၆ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်သား ၁ ဦး CDF-Hualngoramထံသို့ လက်နက်နှင့်အတူ CDM ဝင်၊ သိန်း ၆၀ ပေးအပ်ပြီး လွတ်မြောက်နယ်မြေပို့ဆောင်

ရန်ကုန်၊ စက်တင်ဘာ ၁၆ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါ်ဒါရ်မြို့တပ်စခန်းမှ စစ်ကောင်စီတပ်သားတစ်ဦးသည် MA ၁ လက်၊ ကျည် (၂၅၀) တောင့်၊ ကျည်ဘောက် (၄)ခုဖြင့် CDF-Hualngoram တပ်ဖွဲ့ထံ CDM ဝင်လာကြောင်း ဒေသသတင်းရင်းမြစ် Zalen က သတင်းဖော်ပြသည်။ အဆိုပါစစ်သားသည် စခန်းမှ ထွက်ပြေးခဲ့သည်မှာကြာမြင့်ပြီဖြစ်ပြီး...

Latest news

- Advertisement -spot_img