33 C
Yangon

ရှမ်းပြည်နယ်၊ နမ့်စန်း ဧည့်စုမိုတယ်တွင် ပစ်ခတ်မှုများဖြစ်

Must read

ရန်ကုန်၊ အောက်တိုဘာလ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်းမြို့နယ်၊ ဧည့်စုမိုတယ်တွင် ယနေ့ ညနေပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့ ညနေ ၅ နာရီခွဲတွင် ရှမ်းပြည်နယ်၊ နမ့်စန်းမြို့နယ်ရှိ ဧည့်စုတည်းခိုခန်းအနီးတွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုကြောင့် လူသေဆုံးထိခိုက်မှု မသိရှိရသေးဘဲ လက်နက်များ ဖမ်းဆီးရမိသည်ဟု သိရှိရကြောင်း၊ PDF များ မဟုတ်ဘဲ မူးယစ်ဆေးဝါး ပြဿနာဖြစ်ကြောင်း သိရှိရသည်။

“နမ့်စန် ရှမ်းတောင်မှာ ဧည့်စုတည်းခိုခန်းမှာ ပစ်ခတ်မှုဖြစ်တယ်။ စစ်ခွေးတွေက သတင်းရလို့ လာဖမ်းတော့ အထဲ က လူကပြန်ပစ်တယ်။ ညနေ ၅ နာရီခွဲမှာဖြစ်တာ။ ထိခိုက် သေဆုံးမှုမသိရသေးဘူး။ PDF မဟုတ်ပါဘူး။ မူးယစ်ဆေးဝါး နဲ့ လက်နက်ကိုင်တဲ့သူတွေပါ။ နမ့်စန် နယ်မြေခံ စစ်ခွေးရဲခွေးတွေတောင်မသိဘူး။ ပြည်နယ်က တိုင်းမှူးစစ်ဆင်ရေးဆိုပြီးညသတင်းအတိအကျနဲ့ လာတယ်။ ခွေး အချင်းချင်း အဝေမတည့်မှုပါ။ လက်နက်တွေလည်းဖမ်းမိတယ်ပြောတတယ်။ အိမ်စီးကားတွေနဲ့ပဲလာတယ်။ လမ်းအကုန်ပိတ်ထားတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ၊ နမ့်စန်မြို့နယ်ရဲတပ် ဖွဲ့ ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုခြင်းမပြုဘဲ ဖုန်းချသွားကြသည်။

ဓာတ်ပုံ- ပစ်ခတ်မှုဖြစ်ပွားသော ဧည့်စု မိုတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article