29 C
Yangon

ကော့ကရိတ်တွင် ယနေ့ နံနက်အစောပိုင်း စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၀၀ နာရီ ၁၀ မိနစ်ဝန်းကျင် အချိန်တွင် စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ဗုံးကျဲမှုများရှိကြောင်း ဒေသခံများနှင့် PDF သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

“လေယာဉ်ပျံ ဖြတ်သွားတာတော့ ကြားလိုက်တယ်။ ဘယ်ဘက်ကို ဗုံးကျဲလဲတော့မသိဘူး။ ညနေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ခလရ ၉၇ ထဲကနေ။ ကျနော်တို့ နိုးနိုးကြားကြားနေနေရတယ်။ ဘယ်အချိန် ဘာဖြစ်မလဲမသိတော့ အထုတ်ထုပ်ပြီး အလှည့်ကျအိပ်နေရတယ်” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ဆိုသည်။

PDF သတင်းရင်းမြစ်တစ်ခုက ကော့ကရိတ်မြို့နယ်အတွင်းသို့ ယနေ့ နံနက်အစောပိုင်းတွင် စစ်တပ်လေယာဉ်ဖြင့် ဗုံးကျဲမှု ရှိခဲ့ကြောင်း အတည်ပြုပြောဆိုပြီး အသေးစိတ် မသိရှိရသေးဟု ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏တိုက်လေယာဉ်တစ်စင်းကို ညပိုင်းမြင်တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article