38 C
Yangon

ဒေါ်လာစျေး ၃၇၀၀ ဝန်းကျင်၊ ရွှေစျေး ကျပ်သိန်း ၃၀ ဝန်းကျင် ပေါက်စျေးရှိသော်လည်း အရောင်းအဝယ် ရပ်၊ ဆီဆိုင်နှင့်ကုန်တိုက်များတွင် တန်းစီ ကြိတ် ကြိတ်တိုး ဝယ်ယူ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် တစ်ဒေါ်လာ ငွေကျပ် ၃၇၀၀ ကျပ်ဝန်းကျင်၊ ရွှေစျေး မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၃၀ ဝန်းကျင်ဖြင့် စျေးဖွင့်လှစ်ထားသောလည်း စျေးကွက် အရောင်းအဝယ် ရပ်တန့်နေကြောင်း ပြည်တွင်းစီးပွားရေးသမားများထံမှ သိရှိရသည်။

“ဒေါ်လာက ၃၇၀၀ နဲ့ ၄၀၀၀ အကြား တစ်ပတ်ချာလည်မှာ။ ရွှေစျေးက သိန်း ၃၀ တစ်ပတ်ချာလည်မှာပဲ။ စနေနေ့၊ တနင်္ဂနွေ၊ တနင်္လာ ၃ ရက်လုံးက ပိတ်ရက်တွေလည်းဖြစ်နေတာကြောင့် အကုန်လုံးစောင့်ကြည့်နေတယ်။ တချို့လည်း တစ်ဒေါ်လာ ၃၃၀၀ လောက်နဲ့ အဝယ်အရောင်းလုပ်တာလည်း ရှိတယ်။ အများစုက ရပ်နေတယ်။ ရွှေဆိုင်တွေလည်း စျေးရယ်လို့ မဖွင့်ဘူး။ ငွေလွှဲတွေလည်း စောင့်ကြည့်တယ်။ စျေးကွက်ကို အားလုံးက စောင့်ကြည့်ပါပဲ။ ဝယ်အားတော့ရှိတယ်။ အရောင်းအဝယ် မလုပ်တာ” ဟု ပြည်တွင်းစီးပွားရေးသမားတချို့ကဆိုသည်။

အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၅၀၀၀ ၊ ၆၀၀၀ ဟု ပြောဆိုမှုများမှာ မှန်းဆ၍ စျေးကစား ခေါ်ဆိုမှုများသာဖြစ်ပြီး လက်တွေ့တွင် ပေါက်သော စျေးများ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအပေါ် အမည်ပျက်နိုင်ငံအဖြစ် ကြေညာ အရေး ယူမှုသည် သေချာပေါက် သက်ရောက်မှုများ ရှိလာမည်ကြောင်း စီးပွားရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။

ရန်ကုန်၊ မန္တလေးရှိ စက်သုံးဆီအရောင်းဆိုင်များ စက်သုံးဆီများ တန်းစီ ဝယ် ယူရမှုများရှိပြီး ကုန်တိုက်များနှင့်စျေးဝယ် စင်တာများတွင်လည်း ယနေ့ လာဝယ်ကြသူများဖြင့် ပြည့်နှက် များပြား နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်ကုန်တိုက်တစ်ခုတွင် ယနေ့ စျေးဝယ်သူများ ကြိတ်ကြိတ်တိုး ဖြစ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article