34 C
Yangon

ရန်ကုန်ဆီဆိုင်များတွင် စက်သုံးဆီများ တန်းစီစနစ်ဖြင့် ပြန်လည်ဝယ်ယူနေရ၊ တချို့အရောင်းဆိုင်များ 92၊ 95 ဓာတ်ဆီ လက်ကျန်မရှိတော့ဟုဆိုပြီး အရောင်းပိတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၂၂

ရန်ကုန်မြို့တော်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ကားတန်းရှည်များဖြင့် စက်သုံးဆီများ တန်းစီပြန်လည်ဝယ်ယူနေကြပြီး တချို့အရောင်းဆိုင်များတွင် 92 ဓာတ်ဆီ ပြတ်လပ်သွားသည်ဟု ပြောဆိုကြကြောင်း ရန်ကုန်မြို့ခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၇ နာရီအချိန်မှစတင်ပြီး ရန်ကုန်စက်သုံးဆီဆိုင်များတွင် တန်းစီ၍ ဓာတ်ဆီပြန်လည် ဝယ်ယူရပြီး ဓာတ်ဆီရရှိရန် နာရီဝက်ကျော်ခန့် တန်းစီစောင့်ဆိုင်းရကြောင်း မြို့ခံများက ဆိုကြသည်။

“နာရီဝက်လောက်တော့ တန်းစီရတယ်။ 92 က တစ်လီတာကို ၁၉၈၅ ကျပ်၊ 95 တစ်လီတာကို ၂၀၇၅ ကျပ် လိုသလောက်တော့ ရသေးတယ်။ ကားတန်းရှည်ကြီးတွေဖြစ်နေကြတယ်။ ညက အမည်ပျက်နိုင်ငံ အဖြစ် ကြေညာခံရတယ်ဆိုတဲ့သတင်းတွေကြောင့် ဆီလာထည့်ထားကြတာ။ ဆီဆိုင်းတိုင်းပဲ။ တချို့ဆိုင်တွေ 92 ရော 95 ရော ကုန်ပြီ ဆိုပြီး မရောင်းဘူး” ဟု တက္ကစီဆရာတစ်ဦးက ပြောဆိုသည်။

ကမ္ဘာ့ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံ အဖြစ် အီရန်၊ မြောက်ကိုရီးယားတို့နှင့်အတူ တန်းတူသတ်မှတ် အရေးယူကြောင်း ယမန်နေ့ညပိုင်းတွင် ထုတ်ပြန် ကြေညာပြီးနောက် ငွေကြေးစျေးကွက်နှင့် ငွေလဲစျေးကွက်တစ်ခုလုံး စျေးကွက်မဖွင့်နိုင်တော့ဘဲ ကြိုက်ရောင်း ကြိုက်ဝယ်စျေးများဖြစ်ပေါ်နေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- ယနေ့ ရန်ကုန်စက်သုံးဆီအခြေအနေ မြင်ကွင်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article