35 C
Yangon

လောင်းလုံး၊ ပုလော၊ ပုလဲ၊ ကျိုက်ထို၊ ကြာအင်းဆိပ်ကြီး၊ မော်လိုက်၊ မုံရွာ တို့တွင် တိုက်ပွဲနှင့် ပစ်ခတ်မှုများဖြစ်ပြီး စစ်သား ၂၇ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၃၀

လောင်းလုံး၊ ပုလော၊ ပုလဲ၊ ကျိုက်ထို၊ ကြာအင်းဆိပ်ကြီး၊ မော်လိုက်၊ မုံရွာ တို့တွင် တိုက်ပွဲနှင့် ပစ်ခတ်မှုများဖြစ်ပြီး စစ်သား ၂၇ ဦး သေဆုံးကြောင်း ဒေသကာ ကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

လောင်းလုံးတွင် တိုက်ပွဲဖြစ်ပြီး ပျူစောထီး ၂ ဦးသေဆုံး

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်ရှိကျော​က်နီမော်ရွာနှင့် အောက် ကျောက်ဝပ်ရွာကြား တစ်နေရာတွင် စက်တင်ဘာ ၂၉ ရက်နေ့ ၊မွန်း တည့် ၁၂ နာရီခွဲခန့်အချိန် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီ ပျူစောထီး ၅ ဦးကို လောင်းလုံး(LLPDF)ရဲဘော်တို့က ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ စောထီး ၂ ဦး သေဆုံးကြောင်း သိရှိရသည်။

ပုလဲမြို့ထွေ/အုပ်ရုံးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် စက်တင်ဘာ ၂၈ ရက်နေ့ ည ၁၁ နာရီခန့် အ ချိန် ပုလဲမြို့ထွေအုပ်ရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို လက် နက်ကြီး လက်နက်ငယ်များ၊အော်တို ဂန်းများနှင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးသွားကြောင်း ၊ ၄ ဦး ဒဏ်ရာရှိကြောင်း၊ တိုက်ခိုက်မှုကို Southern YSO PDF နှင့် ပူးတွဲမဟာမိတ် ပုလဲ တပ်ရင်း ၄ အမှတ်( ၁၀) ၊ ဒေါင်းနက် အဖွဲ့၊ ပုလဲမဟာမိတ်တပ်ပေါင်းစု အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။

ကြာအင်းဆိပ်ကြီးတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တဂေးရွာ နှင့် ခုတ်ခွားစခန်းအကြား တွင် စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၈ နာရီခွဲခန့်အချိန် နယ်မြေရှင်းလင်းရေးပြုလုပ်ရန်ကြိုးစားလာသော အကြမ်းဖက်စစ်ကောင်စီ၏ စကခ ၁၃ လက် အောက်ခံ ခမရ ၃၅၈ နှင့် ခမရ ၅၅၆ ခန့်မှန်းအင်အား ၁၀၀ကျော်ကို နဂါးနီစစ်ကြောင်း နှင့် KNLAပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ကြရာ စစ် တပ်ဘက်မှ ၃ဦး ကျဆုံး၍ ၁ ဦး ထိခိုက်ဒဏ်ရာရကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

ပုလောတွင် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁) နှင့် မဟာမိတ်တပ်ဖွဲ့များသည် ” နန်းထိုက်အောင်စစ် ဆင်ရေး” အဖြစ် ပုလောမြို့နယ် ထမင်းမစား ကျေးရွာနှင့် နန်းပရုပ် ကျေးရွာ အကြားတွင် သရက်ချောင်းမြို့ဘက်မှ ဆင်းလာသော စစ်ကောင်စီ ကား ၂ စီးပါ ယာဉ်တန်း ကို စက်တင်ဘာ ၃၀ ရက်နေ့ မွန်း တည့် ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ပူးပေါင်း၍ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

မော်လိုက်တွင် ဗိုလ်ကြီး၊ ဗိုလ် အပါအဝင် စစ်သား ၈ ဦးသေဆုံးပြီး လက်နက် ၈ လက်ရရှိ

စစ်ကိုင်းတိုင်း၊မော်လိုက်မြို့နယ် တွန်းပင်ရွာအနီး၌ မော်လိုက် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့နှင့် စစ်တပ်များ ယနေ့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ ၃ ပွင့် ဗိုလ်ကြီး ၁ ဦး၊ ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၈ ဦးသေဆုံးကြောင်း၊ အဆိုပါသေဆုံးသူ စစ်သား ၈ ဦးသည် ၃၆၄ ၊ ၃၆၅ ၊ ၃၆၆ တပ်ရင်းမှ ဖြစ်ကြောင်း မော်လိုက်PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ဆိုသည်။

လက်နက် ၈ လက် သိမ်းဆည်းရမိပြီး MA3 (၁) လက်၊ MA2(၂) လက်၊ ကာဗိုင် (၂) လက်၊ စက်လက် (၁) ၊ တစ်ထောင့်ထိုး (၂)လက်၊ ဗုံးသီး (၃)လုံး၊ MA3 ကျည်ဘောက် (၁၇)ခု၊ သိမ်းဆည်းရရှိခဲ့ကြောင်း၊ မော်လိုက်မြို့မှ ပျူစောထီး ခေါင်းဆောင်လည်း အပြင်းအထန် ဒဏ်ရာရရှိကြောင်း၊ မော်လိုက်မြို့၊ ပြည်သူ့ဆေးရုံသို့ ယနေ့ နေခင်းပိုင်းတွင် ထမ်းစင်ပေါ်၌ ပက်လက်လန် သတိမရ စစ်သား ၁ ဦး အပါအဝင် ဒဏ်ရာရသူများပြားကြောင်း သိရှိရသည်။

မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်တပ်ကို တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊မုံရွာမြို့ရှိမုံရွာစီးပွားရေးတက္ကသိုလ်နှင့် စီးပွားရေးဘဏ်အတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာ စစ်သားရှစ်ဦးသေဆုံးသွားကြောင်း ဒေသခံကာကွယ်ရေးတပ် Chindwin Attack Force က ယနေ့ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ည၇နာရီခန့်တွင် မုံရွာမြို့ရှိမုံရွာစီးပွားရေးတက္က သိုလ် တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့်ရဲတပ်သားများကို ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့က ၄၀မမဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးသွားခြင်းဖြစ်ကြောင်း၊ထို့ပြင် စက်တင်ဘာလ ၃၀ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့် မုံရွာ၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ စီးပွားရေးဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ခြင်းခတ်နေစဉ် Chindwin Attack Force နှင့် ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ ၆ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုကိုမုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ( ၂ )၊မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ( ၂ ) တပ်ခွဲ ( ၄ ) Fight For Peopleတို့မှဗိုလ် ပေါက်ကြား၊ဗိုလ်ဗျတ်ဝိ၊Black Rose တို့ကဦးဆောင်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ပုလောတွင် ပျူစောထီးကား မိုင်းဆွဲခံရပြီး ၁ ဦးသေဆုံး

စက်တင်ဘာလ၊ ၃၀ရက်နေ့ မွန်းတည့် ၁၂နာရီ၃၀မိနစ်အချိန်ခန့်တွင်တန င်္သာရီတိုင်း၊မြိတ်ခရိုင်ပုလောမြို့နယ်၊ ထမင်း မစား‌ကျေးရွာအနီးတွင် စစ်ကောင်စီတပ် ဖွဲ့ဝင်များနှင့်‌စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့် စစ်သား ၂၀ ဦး ခန့် ပါလာသော စစ်ကား(၁)စီးကို Palaw K-PDF ဗိုလ်ခေါင်းဖြူစစ် ကြောင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး(၁၀)မိနစ်ခန့်အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုတွင် ထမင်းမစား‌ကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကမို သေ ဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၇)ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုလော)က သတင်းထုတ်ပြန်သည်။

မုပ္ပလင်လမ်းဆုံဂိတ် တိုက်ခိုက်ခံရမှုကြောင့် စစ်သား ၃ ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ကျိုက်ထိုပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ် အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း၊
ကျိုက် ထိုပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် ဂိတ်တွင် စောင့်နေသော အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ထိုသေဆုံးသူများကို အရေး ပေါ်ကား ၃ စီးဖြင့် တင်သွားကြောင်း Kyaikhto Information Teamက သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article