26 C
Yangon

သားဖြစ်သူ အောင်ပြည့်စုံ ဆောက်လုပ်ခွင့်ရသည့် မင်္ဂလာဒုံစစ်ဆေးရုံ အမှတ် ၁ ကုတင် ၁၀၀၀ အထူးကုစင်တာကို အဖေဖြစ်သူ မင်းအောင်လှိုင်က ယနေ့ ဖွင့်လှစ်မည်၊ မင်းအောင်လှိုင် ခရီး အတွက် ရန်ကုန် တစ်ဝန်း လုံခြုံရေး တင်းကျပ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို ဆောက်လုပ်ခွင့် ချထားပေးခဲ့သည့် မင်္ဂလာဒုံစစ်ဆေးရုံ အမှတ် ၁ ကုတင် ၁၀၀ အထူးကုစင်တာကို ယနေ့အောက်တိုဘာလ ၁ ရက်နေ့တွင် လာရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် မင်းအောင်လှိုင်က မင်္ဂလာဒုံ အမှတ် ၁ ကုတင် ၁၀၀၀ အထူးကုစင်တာကို ဖွင့်လှစ်မည်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အခမ်းအနားတစ်ခုကိုလည်း တက်ရောက်မည်ဖြစ်ကြောင်း၊ ယင်းနောက် ရန်ကုန်မြို့မှ စီး ပွားရေး သမားများနှင့်တွေ့ဆုံမည်ဖြစ်ပြီး စက်မှုဇုန် တချို့ကိုလည်း သွားရောက် ကြည့်ရှုရန်ရှိကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင် ခရီးစဉ်အတွက် ရန်ကုန်မြို့တော်တစ်ဝန်း လုံခြုံရေးများ တင်းကျပ်ထားကြောင်း၊ ပြည်လမ်းတစ်လျှောက်တွင်လည်းကောင်း၊ မင်္ဂလာဒုံ မြို့နယ်တစ်ခုလုံးတွင်လည်းကောင်း စက်တင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ကင်းပုန်းများ၊ စစ်သားများ ချထားကြောင်း သိရှိရသည်။

“မင်္ဂလာဒုံ၊ ပြည်လမ်း၊ ရန်ကုန်မြို့နေရာတော်တော်များများ မှာ ကင်းပုန်းတွေ လုံခြုံရေးတွေ ချထားပါတယ်။ MICT Park နားမှာဆိုရင် ကင်းပုန်းတွေ၊ သစ်ပင်ရိပ်မှာတွေရော ပြည်လမ်းတစ်လျှောက်ပဲ။ ခွေးအကောင်ကြီးကြီး လာဖို့ လုံခြုံရေးယူထားတယ်ဆိုတာ သိသာပါတယ်” ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် စက်တင်ဘာလ ၂၉ ရက်နေ့က မန္တလေးသို့ သွားရောက်ခဲ့ပြီး လုံခြုံရေး အထူးတင်းကျပ်မှုဖြင့် စီးပွားရေးသမားများကို တွေ့ဆုံကာ နေ့ချင်းပြန် နေပြည်တော်ပြန်သွားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article