28 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ -အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က သားဖြစ်သူအောင်ပြည့်စုံကို ဆောက်လုပ်ခွင့်ချထား ပေးခဲ့တဲ့ မင်္ဂလာဒုံစစ်ဆေးရုံ အမှတ် ၁ ကုတင် ၁၀၀ အထူးကုစင်တာကို ဒီနေ့အောက်တိုဘာလ ၁ ရက်နေ့မှာ လာရောက် ဖွင့်လှစ်မှာဖြစ်တယ်လို့သိရပါတယ်။ – ကရင်နီပြည်နယ်၊ လွိုင်ကော်လေဆိပ်မှာ စစ်ကောင်စီလက်အောက်ခံ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA လေယာဉ်ပစ်ခတ်ခံရမှုဟာ PDFကို အကြမ်းဖက်လို့ နာမည်ဖျက်ဖို့ စစ်တပ်ရဲ့ လုပ်ကြံမှုဖြစ်နိုင်တယ်လို့ လေကြောင်း ဆိုင်ရာကျွမ်း ကျင်သူတချို့က မှတ်ချက်ပြုပါတယ်။ – စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မှော်တော်ရွာက ပျူစောထီးခေါင်းဆောင် သင်္ကန်းဝတ် ဝါသ၀ လိုက်ပါတဲ့ ကားကို မနေ့ကမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တန့်ဆည် PDF ရွှေဘိုင်ခရိုင်တပ်ရင်း ၁၆ TRF မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ – မန္တလေးတိုင်း မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက် ဓားပြမှုပေါင်းများစွာ ကျူးလွန်နေတဲ့ အဖွဲ့ဝင် အင်အား ၁၅ ဦး ပါ နာမည်ကြီးဓားပြဂိုဏ်းတစ်ခုကို ခိုးရာပါပစ္စည်းတွေ၊ လက်နက်တွေနဲ့အတူ ရွှေဘိုခရိုင် PDF တပ်ရင်း ၁၈ က ဖော်ထုတ်အရေးယူလိုက်တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article