Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းက ကလေးတွေကို စစ်တပ် က လေကြောင်းနဲ့ တိုက်ခိုက် ပစ်သတ်မှုကို ကုလသမဂ္ဂ နဲ့ နိုင်ငံတကာကနေ ချက်ချင်း အရေးယူဖို့ ကုလ သမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလအစည်းအဝေးမှာ မိန့်ခွန်းပြော တောင်းဆိုလိုက်ပါတယ်။ – စစ်ကိုင်းတိုင်း ၊ တန့်ဆည်မြို့နယ် ၊ တဆယ်ကျဲ ရွာကို စက်တင်ဘာ ၂၂ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီဝင်တွေဟာ ဝင်ရောက် စီးနင်း မီးရှို့ဖျက်ဆီးခဲ့တဲ့အတွက် နေအိမ် ၃၅ လုံး မီးရှို့ဖျက်ဆီး ခံလိုက်ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ -အမျိုးသားရေးအစွန်းရောက်လှုပ်ရှားမှုတွေရဲ့ ခေါင်းကိုင်-ဖခင်ကြီးလို့ဆိုရမယ့် ဗိုလ်ချုပ်ဟောင်း၊ ရဲချုပ်ဟောင်း ခင်ရီဟာ ကြံ့ဖွတ်ပါတီခေါင်းဆောင် ဖြစ်လာတာကြောင့် အမျိုးသားရေး နဲ့ ဘာသာခြား မုန်းတီးရေး လှုံ့ဆော်မှုတွေလှုပ်ရှားမှုတွေဟာ အရှိန်မြင့်တက် လာနိုင်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။