25.3 C
Yangon

ဝမ်ပေါင်မှ ထွက်လာသည့် စစ်ကားများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံး၊ ကျိုက်ထိုတွင် စစ်တပ် တပ်စွဲထားသော ဝင်းကလေား ဂိတ်ကင်းစခန်း ပစ်ခတ်ခံရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

စစ်ကိုင်းတိုင်း ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာသည့် စစ်ကား ၃ စီးကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်မှ စစ်ကား ၃ စီးသည် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရွှေတောင်ဦး အကျိူးကန်းကုန်းမှ ဝမ်ပေါင်သို့ ကြေးကားသယ်ရန် လုံခြုံရေး လိုက်ပါလာသော ကားများဖြစ်ပြီး ဝမ်ပေါင်မှ ပြန်အထွက်တွင် ယင်းမာပင် ခရိုင် တပ်ရင်း(၁၆)၊တပ်ခွဲ(၂) One Star Task Forceနှင့်မဟာမိတ်တပ်ပေါင်းစုတို့မှ ရှေ့ထွက် ပြောင်းတိုက် Mytel မမ ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁ ဦးသေဆုံးကာ ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကား ၁ စီး ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို One Star Task Force၊ Salingyi GZ၊ Triple Two၊ ဆားလင်းကြီး သမန်းကျား ပြောက်ကျားတပ်ဖွဲ့နှင့် ဆားလင်းကြီး ညီနောင် မဟာမိတ် တပ်ပေါင်းစုတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

အလားတူ ကျိုက်ထိုမြို့နယ်၊ ဝင်းကလေားကျေးရွာ လမ်းဆုံတွင် အကြမ်းဖက် စစ်တပ် တပ်စွဲ ဖွင့်လစ်ထားသော ဝင်းကလေားကင်းစခန်းဂိတ်ကို အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၅ နာရီ ၁၀ မိနစ်တွင် ကျိုက်ထိုပြည်သူ့ကာကွယ်ရေးအဖွဲ့မှ လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း Kyaikhto Information Team ထံမှ သိရသည်။

ယင်း ဂိတ်စခန်း ပစ်ခတ် တိုက်ခိုက် ခံရပြီးနောက် ကျိုက်ထို ၄၄ တပ်မ အတွင်းမှ လက်နက်ကြီး အလုံး ၂၀ ခန့်၊ စက်သေနတ်နှင့် လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ပြန်လည် ပစ်ခတ်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှုရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးဘဲ ကာကွယ်ရေး တပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article