Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝါးမီးထ – ကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ် နဲ့ VENOM စစ်ကြောင်း/ကြား သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က အယောက် ၂၀ ဝန်း ကျင်သေဆုံးသွားတယ်လို့ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ရေယာဥ်အုပ်စုကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့တွေက ဝိုင်းဝန်း ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ – ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ ကြားကာလကိုယ်ထူကိုယ်ထ ပညာရေး ကျောင်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ – စစ်ကိုင်းတိုင်း ၊ ဝမ်ပေါင် ကုမ္ပဏီက ထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၃ စီးကို စက်တင် ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ ကာကွယ်ရေး တပ်ဖွဲ့တွေကနေ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင် စီတပ်သား ၁ ဦး သေဆုံးခဲ့တဲ့အပြင် ၄ ဦး ဒဏ်ရာ ရသွားတဲ့ သတင်းအပါ အဝင်နောက်ဆုံး ရသတင်း တွေကို တင်ဆက်ပေးပါမယ်။