28 C
Yangon

စက်တင်ဘာအတွင်း ဗိုလ်မှူးချုပ် အုန်းသွင်(ငြိမ်း)၊ ဒုဗိုလ်မှူးကြီး စိန်မင်းဒင် ၊ ဒုဗိုလ်မှူးကြီး မြတ်ဇော်လင်း(ငြိမ်း) အပါအဝင် ဗိုလ်မှူးအဆင့် ဗိုလ်မှူးချုပ် (ငြိမ်း)အဆင့်အထိ ၁၀ ဦး သေဆုံးပြီး ဗိုလ်မှူး ၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်မှ အငြိမ်းစားဗိုလ်မှူးချုပ် အုန်းသွင်၊ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး မြတ်ဇော်လင်း အပါအဝင် ဗိုလ်မှူးအဆင့် ဗိုလ်မှူးချုပ်အဆင့်အထိ ၁၀ ဦး သေဆုံးခဲ့ပြီး ဗိုလ်မှူး ၁ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သည်။

ဗိုလ်ကြီးအဆင့်နှင့် ဗိုလ်အဆင့် သေဆုံးမှုနှင့် အဖမ်းခံရသူများအရေအတွက်မှာ များပြားသည့်အတွက် ထည့်သွင်း ရေတွက်ခြင်းမပြုတော့ဘဲ ဗိုလ်မှူးအဆင့်မှစတင်၍ စာရင်းပြုစုထားခြင်းဖြစ်သည်။

စက်တင်ဘာလ ၆ ရက်နေ့တွင် မြိတ်အခြေစိုက် ခလရ ၂၆၅ မှ ဒုတပ်ရင်းမှူး ဗိုလ် မှူး နိုင်ဝင်းအောင် ထားဝယ် – ထီးခီး လမ်း တစ်နေရာတွင် PDF ၊ ကော်သူလေး တပ်မတော်တို့၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် ပုသိမ်ကြီး အခြေစိုက် ခမရ ၁၁၆ မှ တပ် ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စိန်မင်းဒင်သည် ဖားကန့် မြို့နယ် ဆယ်ဇင်းကျေးရွာတွင် မူးယစ်ဆေး ရှော့ဖြစ်ပြီး သေဆုံးသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ အမှတ် ၁၃ တန်းမြှင့်လေ့ကျင့်ရေးတပ်မှ စစ်ကြောင်းမှူး ဗိုလ်မှူး မျိုးမင်းဦးသည် သပိတ်ကျင်းတော်လှန်ရေးတပ်ဖွဲ့များ၏ အနီးကပ် ပစ်ခတ်မှုကြောင့် ဆေသုံးခဲ့ရသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဗိုလ်မှူး အောင်ထွန်းသည် ပခုက္ကူမြို့နယ်၊ အနောက်ခြောက်ကန်ရွာ အနီး Earthquake PDF က အရှင်ဖမ်းမိခဲ့ရာမှ ထွက်ပြေးသဖြင့် ပစ်ခတ်ရာမှ သေဆုံးခဲ့သည်။

စက်တင်ဘာလ ၂၄ ရက်နေ့ ဗိုလ်မှူးချုပ် အုန်းသွင် (ငြိမ်း) (၇၂-နှစ်) DSA (၁၅)သည် လှိုင် မြို့နယ် (၁၂) ရပ်ကွက် နေအိမ်တွင် Inya Urban Force ၏ ရှင်းလင်းမှုကြောင့် သမက်ဖြစ်သူနှင့်အတူ သေဆုံးခဲ့ရသည်။

တပ်မ ၆၆ လက်အောက်ခံ အုတ်ဖိုအခြေစိုက် ခမရ ၆ မှ ဒုတိယ ဗိုလ်မှူးကြီး အောင်ကိုဦး သည် ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့နယ် ကုန်းသာရွာ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစု (KRU) နှင့် တိုက်ပွဲဖြစ်ပြီး စက်တင်ဘာလ ၂၆ ရက်နေ့တွင် သေဆုံးခဲ့သည်။

စက်တင်ဘာလ ၂၅ ရက်နေ့ မင်္ဂလာဒုံကျိုက်ကလဲ့တွင် အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး မြတ်ဇော်လင်း (၄၆-နှစ်) တေဇ (၂၅) သည် စစ်တပ်ကားအချင်းချင်း ခေါင်းချင်းတိုက်မိ၍ သေဆုံးခဲ့သည်။

စက်တင်ဘာလ ပထမလဝက်အတွင်း ဗိုလ်မှူး – တပ်ခွဲမှူး ၂ ဦး သည် ကရင်ပြည်နယ်အတွင်း KNU ဖြစ်ပွားသော တိုက်ပွဲတွင် သေဆုံးသွားခဲ့သည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလရ ၂၈၃ ၊ ဘုရားတောင်စခန်းမှ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူးသည် KNLA ပူးပေါင်းတပ်များ၏ စခန်းသိမ်းပိုက်တိုက်ပွဲတွင် အခြားစစ်သည် ၁၁ ဦးနှင့်အတူ သေဆုံးသွားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင်ခမရ ၅၅၆ မှ ဗိုလ်မှူး ဝင်းမင်းခန့် (၃၄-နှစ်)ကို ကြာအင်းဆိပ်ကြီး မြို့နယ် ခလရ (၃၂) သို့ ဆက်သွယ်ရေးစက်များ သွားပို့စဉ် ဆက်သွယ်ရေးစက်များ၊ လက်နက်များနှင့်အတူ KNLA ၊ PDF ပူးပေါင်း အဖွဲ့ က အရှင်ဖမ်းဆီးရမိခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article