တိုက်ပွဲတွင် စစ်သားများ သေဆုံး၊ ဒဏ်ရာရမှု တာဝန်မယူဘဲ သနားစရာမရှိဟု စစ်ဗိုလ်ချုပ်များ သတ်မှတ်လိုက်ခြင်းဟု CDM ဗိုလ်ကြီးလင်းထက်အောင် မှတ် ချက်ပြု
ရန်ကုန်၊ အောက်တိုဘာ ၁
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်များအနေဖြင့် PDF သတင်းသေ ချာ မစုံစမ်းဘဲ အလုံပိတ်ကားဖြင့် သွား၍ သေဆုံး၊ ဒဏ်ရာရလျှင် စစ်မှုထမ်းဆောင်ခြင်း ဟု မသတ်မှတ်ကြောင်း စစ်ကောင်စီက ညွှန် ကြားချက်တစ်ရပ် ထုတ် ပြန်လိုက်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်တွင် စစ်ဆင် ရေး တာဝန်နှင့် လုံခြုံရေး တာဝန် ထမ်းဆောင်နေရသည့် တပ်ရင်း/တပ်ဖွဲ့များအနေဖြင့် စနစ်တကျ စုဖွဲ့၍ ချီတက် သွားလမှု မရှိခြင်း၊ အသံပေးဗုံးခွဲ၍ မြူဆွယ် ခြင်း၊ သတင်းအမှားပေး ခြင်းတို့ ဖြင့် မက်လုံးပေး လှည့်စားမှုများကို သတင်း တည် ဆောက်နိုင်မှုနှင့် စနစ်တကျ စုဖွဲ့နိုင်ခြင်းမရှိဘဲ အလုံပိတ် မော် တော်ယာဉ်များဖြင့် သွားရောက် ရှင်းလင်းသဖြင့် လူ/လက်နက်/ခဲယမ်းများ ဆုံး ရှုံးရသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် သတင်းရရှိပါက သေချာစိစစ်၍ စနစ်တကျ စုဖွဲ့ပြီးမှ သာ ရှင်းလင်းရန်၊ အလုံပိတ်မော်တော်ယာဉ်များကို လုံး၀(လုံး၀) အသုံးမပြုရန် ၊ အလုံပိတ်မော်တော်ယာဉ်များ အသုံးပြု၍ နယ်မြေရှင်းလင်းပါက သေဆုံး/ထိခိုက်မှုများရှိလျှင် သေဆုံးသူစစ်သားများကို စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးမဝင်(မဝင်) ဟု သတ်မှတ်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။
CDM ဗိုလ်ကြီး လင်းထက်အောင်က အဆိုပါညွှန်ကြားချက်သည် စစ်သားများကို ဗိုလ်ချုပ်များက တိုက်ပွဲတွင် မသေရန် အတွက် ဖိအားပေးခြင်းဖြစ်ပြီး တိုက် ပွဲတွင်သေလျှင်လည်း စစ်ဗိုလ်ချုပ်များက တာဝန်မယူတော့ဘဲ သနားစရာမရှိဟု သတ်မှတ်လိုက်သည့် သဘောဟု သုံးသပ်ပြောဆိုသည်။
“စစ်မှုထမ်းဆောင်ခြင်းနဲ့မပတ်သက်ဘူးလို့ ပြောလိုက်တဲ့ အရာက စစ်သားတစ်ဦးအတွက် တော်တော်ဆိုးဆိုးဝါးဝါးပြုလိုက်တဲ့ အရာတစ်ခုလို့ မြင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ရှေ့တန်းမှာ စစ်သည်က တိုက်ပွဲကျရင် ကျန်ခဲ့တဲ့ မိသားစု အနေနဲ့ ပင်စင်၊ ဂရယ်ဂျူတီ၊ အစရှိတဲ့ ဆုကြေးလေးတွေ ရကြတယ်။ တိုက်ပွဲ ကျတာကို စစ်မှုထမ်းဆောင်ခြင်းနဲ့ အကျုံးမဝင်ဘူးဆိုတဲ့ မှတ်ချက် ပါသွားပြီဆိုရင် သေသွားတဲ့ စစ်သားအတွက်က ဘာဆုကြေးမှ မရတဲ့သဘောဖြစ်သွားပြီ။ ဒီဥစ္စကာ စစ်ဗိုလ်ချုပ်တွေအနေနဲ့ သူတို့အောက်က သူတွေကို ကောင်းကောင်းပညာပေး နေတယ်လို့ ပြောလို့ရသလို လက်အောက်ငယ်သားတွေကိုလည်း ဘယ်လိုသေသေ ငါတို့နဲ့မဆိုင်ဘူးလို့ ပြောလိုက်တာဖြစ်တယ်။ ကိုယ့်ဘာကိုယ် အသုံးမကျလို့သေတာ ဘာမှ သနားစရာမရှိဘူး ဆိုတဲ့ ပုံစံမျိုးလို့တောင် ပြောလို့ရတယ်” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။