26 C
Yangon

လောင်းလုံးတိုက်ပွဲတွင် ဒဏ်ရာရ ပျူစောထီး ၂ ဦး ထပ်မံသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရမိ၊ စစ်ကိုင်းမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး စစ် သား ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

တနင်္သာရီတိုင်း၊ ၊လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာနှင့် ကျောက်မတ်တပ်ရွာအနီးတွင် ဆက်ကြေးကောက်ခံပြန်လာသောပျူစောထီးများကို စက်တင် ဘာ လ ၂၉ ရက်နေ့က တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၂ ဦး ပွဲချင်းပြီးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ရာမှ အဆိုပါ ဒဏ်ရာရ ပျူစောထီး ၂ ဦးလည်းထပ်မံသေဆုံးသွားကြောင်း လောင်း လုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရှိရသည်။

စက်တင်ဘာ၂၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်အချိန် ကျောက်မတ်တပ်ကျေး ရွာအနီးတွင် တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီး ပျူနှစ်ဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ၍ လောင်း လုံးLLPDFရဲဘော်နှစ်ဦးလည်းကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလ ၂၉ ရက်နေ့တွင်ပင် ဒဏ်ရာရရှိသူပျူနှစ်ဦးဆေးရုံရောက်မှာထပ်မံသေဆုံး၍စုစုပေါင်း(၄)ဦးသေဆုံးခဲ့ကြောင်း၊ ယင်းနောက် လောင်းလုံး LLPDFရဲဘော်များက တိုက်ပွဲဖြစ်ပွားရာ နေရာကို နယ်မြေသွားရောက် ရှင်း လင်းရာ ပျူစောထီးများ၏ ကာဗိုင်သေနတ် ၁ လက်၊ လက်လုပ်သေနတ်အတို ၁ လက်၊ AKကျည်အိမ် ၆ ခု၊စစ်ဦးထုပ် ၁ လုံးတို့ကိုရရှိခဲ့ကြောင်း ၊ အဆိုပါအဖွဲ့ကို ပျူစောထီးခေါင်းဆောင်ချစ်စမ်းမောင်ဦးဆောင်နေခြင်းဖြစ်ပြီး ကျေးရွာများကို တစ်ရွာလုံးကိုမီးရှို့မည်ဟုအမြဲခြိမ်းခြောက်နေသော အဖွဲ့ဖြစ်ကြောင်း ၊ လောင်း လုံး LLPDFအဖွဲ့အနေဖြင့် စစ်ကောင်စီတပ်နှင့်လက်ကိုင်တုတ် ပျူစောထီး များကို ချေမှုန်းသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်အတွင်း စစ်ယာဉ်တန်းကို ယနေ့ အောက်တိုဘာလ၂ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန် ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ဒေသကာကွယ် ရေးတပ်ဖွဲ့ထံမှ သိရှိရသည်။

စစ်ယာဉ်တန်းသည် စစ်ကိုင်းတပ်ရင်း၃၃မှ မုံရွာဘက်ကို ထွက်ခွာလာစဉ် မိုင်းဆွဲခဲ့ခြင်းဖြစ်ပြီး စစ်ယာဉ်တန်းတွင် ကားကြီး ၃ စီးနှင့် ကားလေး ၂ စီးပါဝင်ကြောင်း သိရှိရသည်။

“မိုင်းဆွဲတာက ၃ နေရာမှာ မိုင်းဆွဲခဲ့တာ။ နဘဲကြူးရွာနဲ့ပျော့ရွာအကြားမှာက မိုင်းနှစ်ပွိုင့်ဆွဲတယ်။ တစ်ပွိုင့်ကိုမိုင်းဆယ်လုံးနဲ့နှစ်ပွိုင့်ဆိုတော့ အလုံးနှစ်ဆယ်နဲ့မိုင်းဆွဲခဲ့တယ်။ နောက်တစ်နေရာကတော့ထီးဆောင်းနဲ့ ကံပြားရွာအကြားမှာ မိုင်းအလုံး၂၅လုံးနဲ့ မိုင်းဆွဲခဲ့တယ်။အလောင်းကတော့ ၃ လောင်းကားပေါ်ပက် လက်လန်ပါသွားတယ်။ဒဏ်ရာရသူတွေလည်းများတယ်” ဟု မြင်းခြံ Zero ပျောက် ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် မြင်းခြံ Zero ပျောက်ကျားအဖွဲက ဦးဆောင်ပြီး စစ်ကိုင်း Zero Power ၊ စစ်ကိုင်းနွေဦးရဲဘော်အဖွဲ့နှင့် အရာတော် Dragger Force တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article