23 C
Yangon

နေပြည်တော်တွင် စစ်ရာထူးတက်ချင်သူတိုင်း ဦးပိုင်ကုမ္ပဏီ၏ သတ်မှတ်ပမာဏ ပြည့်မီအောင် ငွေထည့်မှ ထောက်ခံ ချက် လက်မှတ်ထိုးပေးမည်ဟု ဗိုလ်ချုပ်ဇော်ဟိန်း အကျပ်ကိုင်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် အရာရှိများအနေဖြင့် ရာထူးတက်ချင်ပါက ဦးပိုင်ကုမ္ပဏီ၏ သတ်မှတ်ရှယ်ယာပမာဏ ပြည့်မီအောင် ငွေထည့်မှ ထောက်ခံ ချက် လက်မှတ်ထိုးပေးမည်ဟု ဗိုလ်ချုပ်ဇော်ဟိန်း အကျပ်ကိုင် အမိန့်ထုတ် ထားကြောင်း သိရှိရသည်။

အရာရှိများအနေဖြင့် ဦးပိုင်ပမာဏ သတ်မှတ်ချက် အနည်းဆုံး သိန်း ၃၀ မှ သိန်း ၅၀ အထိ ထည့်ဝင်နိုင်ပြီး ဗိုလ်ချုပ်‌ ဇော်ဟိန်းက ရာထူးတိုးချင်သူတိုင်းကို ထောက်ခံချက် ရယူမည်ဆိုပါက ဦးပိုင်ရှယ်ယာပမာဏ အပြည့် ထည့်ဝင်သူ များကိုသာ ထောက်ခံချက် လက်မှတ်ထုတ်ပေးကြရန် တပ်မှူးများကို အမိန့်ပေး ညွှန်ကြားထားခြင်းဖြစ်သည်ဟု သိရှိရှိရသည်။

“နေပြည်တော် တိုင်းအတွင်း တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက နေပြည်တော် တိုင်းအတွင်း မည်သည့်အဆင့် တိုးမဆို ဦးပိုင်ကို သတ်မှတ်ထားတဲ့ ပမာဏပြည့်အောင် ထည့်ထားမှ ရာထူးတိုးထောက်ခံ လက် မှတ်ထိုးဖို့ တိုင်းအတွင်း တပ်မှူးများကို ညွှန်ကြားထားပါတယ်။ အဲ့ဒီသတ်မှတ်ချက်နဲ့ဆိုရင် သတ် မှတ်ရှယ်ယာပမာဏ သိန်း ၃၀၊ သိန်း ၅၀ အထိ ထည့်ရမှာပါ။ ဒီခေတ် ဒီကာလ အထွေထွေ ကျပ်တည်းရတဲ့အထဲ အဲဒီလောက်ငွေ ဘယ်သွားရှာရမလဲ မသိပါဘူး၊ ရာထူးကို ငွေနဲ့ဝယ်ယူနေရသလိုပါပဲ၊ နောက်ပြီး အဲ့သတ်မှတ်ချက်ဟာ ဥပဒေနဲ့ ညီတဲ့ သတ်မှတ်ချက်လည်း မဟုတ်ပါဘူး၊ ဥပဒေမှာ အဲဒီလိုမရှိဘဲ သူတို့ပါးစပ်က ထွက်တာ ဥပဒေလိုဖြစ်နေတယ်၊ သိရသလောက် တိုင်းမှူးတွေ မင်းအောင်လှိုင် ရှေ့မှာ သူ့တိုင်းက ဦးပိုင် ဘယ်လောက်ထည့်ကြောင်း၊ ငါ့တိုင်းက ဦးပိုင် ဘယ်လောက်ထည့်ကြောင်း ထပြီး အိုင်ပီ ရှာနေတာ ကြာပြီ၊ မအလ က အဲ့ပိုက်ဆံတွေကို သဘာဝ ဓာတ်ငွေ့တူးဖော်ရေးမှာ သုံးမယ်လို့သိရပါတယ်၊ နောက်ပြီး ဦးပိုင်က အတိုးလည်း ပုံမှန်မရရှိပါဘူး၊ အရင်းကလည်းဆုံး…အတိုးအမြတ်လည်းမရှိတဲ့ဇတ်လမ်းဖြစ်နေတာပါ” ဟု တပ်ဘက် သတင်းရင်းမြစ်က ပြောသည်။

နေပြည်တော် စစ်တိုင်းမှူးသစ် ဗိုလ်ချုပ်ဇော်ဟိန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၈ မှ ဖြစ်ပြီး ဖခင်မှာ ကြံ့ဖွတ်ပါတီမှ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဗိုလ်မှူးချုပ်ဟောင်း သိန်းအောင် ဖြစ်ကြောင်း ၊ ဗိုလ်ချုပ်ဇော်ဟိန်းသည် တပ်မ ၁၁ (အင်းတိုင်)တွင် တပ်မမှူးတာဝန်ယူခဲ့ဖူးသူ တဦး ဖြစ်ပြီး စစ် တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ မင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article