ရန်ကုန်၊ အောက်တိုဘာ ၃
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာရဲစခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှင့် ရဲ ၁၇ ဦးသေဆုံးပြီး ပျူစောထီး ၅၃ ဦး အရှင်ဖမ်းမိကြောင်း၊ စစ်သားနှင့်ရဲများ ထွက်ပြေးသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁နာရီ ၂၈မိနစ်မှ စတင်၍ ည ၇ နာရီခန့်အထိ ပေါက်မြို့နယ် ဇီးပြားရွာတွင် ပျူစောထီး၉၃ယောက်ခန့်ကို စစ် သင်တန်း ပေးနေသော စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဇီးပြားရွာတွင် ပြည်သူဘက်မှ ပူးပေါင်းပါဝင်ကြသူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အနိုင်ပြုကျင့်ခြင်း ကျေးရွာအတွင်းမှ နှင်ထုတ်မှုများ အကြိမ်ကြိမ်ပြုလုပ်နေသည်ကို တိုင်ကြားလာ၍ မြိုင်ပကဖအဖွဲ့နှင့်ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ မြိုင်ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်က်ခိုက်ကြကြောင်း သိရှိရသည်။
တိုက်ပွဲတွင် စစ်သား၊ ရဲ၊ နှင့်ပျူစောထီး ၁၇ ဦးသေဆုံးပြီး ပျူစောထီး ၅၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ ပြည်သူဘက် တော်သားများအဖြစ် သစ္စာရှိစွာရပ်တည်ပေးမည်ဆိုပါက အသက်ကိုစောင့်ရှောက်မှုပေးမည်ဖြစ်ပြီး စစ်တပ် ဒေါက်တိုင်အဖြစ်မရပ်တည်ရန် ဝန်ခံကတိများပြုလုပ်ထားရှိကြောင်း သိရှိရသည်။
“မိလာတဲ့ ပျူစောထီးတွေကို လွတ်လွတ်လပ်လပ်ပဲထားပါတယ်။ ဖုန်းတွေပဲ သိမ်းထားတာပါ။ အခု ထမင်းကျွေးမလို့ ချည်ပေါင်တွေကြော်နေပြီ။ ရွာတွေကိုပြောချင်တာက ပြည်သူ့စစ်တို့ ပျူစောထီးတို့ မလုပ်ကြနဲ့တော့။ ကျနော်တို့မှာ ရွာပေါင်း ၃၅၀ ကျော် ၄၀၀ လောက်ရှိတယ်။ ကျနော်တို့ PDF တွေ တုတ်နဲ့တက်ရိုက်ရင်တောင် ခွေးတွေကို နိုင်တယ်။ လက်နက်တွေဘာတွေကို ကျနော်တို့ အဓိကထားပြီး မကောက်ဘူး။ အဲဒါကြောင့် အသက်ဆုံးရှုံးရတာရှိလို့။ ခွေးတွေကိုပဲ ထိအောင် ပစ်ဖို့ ပြောထားတာ” ဟု ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇီးပြားကျေးရွာ ရဲစခန်း တိုက်ခိုက်မှုတွင် ရဲစခန်းသိမ်းပိုက်နိုင်သည်အထိ အခြေ အနေတစ်ရပ်ရှိ သော်လည်း တိုက်ပွဲကြာချိန် ၅နာရီ ၂၂မိနစ် ကြာမြင့်ပြီး ကျည်မျိုးစုံ ၁၇၀၀၀ ထက်မနည်းအသုံးပြုခဲ့ရကြောင်း ဗိုလ်လင်္ကျာက ဆိုသည်။
ဓာတ်ပုံ-စစ်ကိုင်းတွင် စစ်တပ်နှင့်ရဲက ပျူစောထီးများကို စစ်သင်တန်းပေးနေစဉ်။
