28 C
Yangon

မင်းကင်းတွင် စစ်တပ်က စစ်ကြောင်းထိုးနေသည့်အတွက် ပြည်သူ ၁၀၀၀ ကျော် ပိတ်မိနေပြီး စားနပ်ရိက္ခာ ပြတ်တောက်နေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ပြည်သူ ၁ ထောင်ကျော် ပိတ်မိနေပြီး စား နပ် ရိက္ခာ ပြတ်တောက် လျက်ရှိကြောင်း သိရသည်။

မင်းကင်းမြို့နယ်အတွင်းရှိ ကုလဲ အနောက်ရွာ၊ ထုံးမန်း၊ ညောင်ကိုင်း၊ လင်းလု၊ ဖက်ထုတ် စသည့် ကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက် စီး နင်းပြီးနောက် ဒေသခံ ပြည်သူ ၁ ထောင်ကျော်သည် တောတောင်များအတွင်း ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

ပြည်သူများ ထွက်ပြေးတိမ်းရှောင်စဥ် အတွင်း စားနိပ် ရိက္ခာ အနည်းငယ်သာ ယူဆောင်ခဲ့ရပြီး လက်ရှိချိန်တွင် အကြမ်း ဖက် စစ်တပ်က ပြည်သူများ စားနိပ် ရိက္ခာ ယူဆောင်နိုင်သည့် နေရာများကိုပါ ပိတ်ဆို့ခံထားရကာ ၎င်းတို့ ဝင်ရောက် စီးနင်းခဲ့သော ကျေးရွာများအတွင်း၌လည်း ကင်းပုန်းများချထားကာ ဒေသခံပြည်သူများ ကျေးရွာအတွင်း ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသည့်အတွက် စားနိပ်ရိက္ခာများ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။

” ကုလဲ အနောက်ရွာ၊ ထုံးမန်း၊ ညောင်ကိုင်း၊ လင်းလု၊ ဖက်ထုတ် အဲရွာက ပြည်သူတွေ တော်တော်လေး အခက်အခဲဖြစ်နေတယ်။ ဒီညနေ စားသောက်ဖို့ အ တွက် တောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတောင် ပြောလို့မရသေးဘူး။ ရိက္ခာက ၃ ရက်စာ လောက်ပဲရှိတော့မှာ အဲ ၃ ရက်စာတောင်မှ စစ်ခွေးတွေဘက်က စစ် ကြောင်း အတင်းထိုးလာပြီ ဆိုရင် ကျွန်တော်တို့ ရိက္ခာတွေ ထားခဲ့ရရင် တော် တော် အခက်အခဲဖြစ်ပြီး လုံးဝ ရိက္ခာပြတ်ပြီး ကျနော်တို့ လက်ရှိ ရိက္ခာယူနိုင်တဲ့ နေရာတွေ အကုန်လုံးကို စစ်ခွေးတွေက ပိတ်ထားတာ ထုံးမန်းရွာကဆိုရင် မီးပါရှို့ခံရတာ လုံးဝ ရိက္ခာတွေ ယူချိန်မရလိုက်ဘဲ ထွက်ပြေးရတာ ထုံးမန်းတို့ ညောင်ကိုင်းတို့ လင်းလုတို့ ဖက်ထုတ်တို့ဆိုတာ ရွာတွေက နီးနီးလေးဆိုတော့ စစ်ခွေးတွေကလည်း လက်နက်ကြီးတွေ ပစ်ပြီး အတင်းဝင်တာဆိုတော့ ဘာမှကို ယူချိန်မရဘဲ ပြေးရတာ အကုန်လုံး ရိက္ခာပြတ်ပြီး ပိတ်မိသွားတာပေါ့။ လောလောဆယ် ကျနော်တို့ လိုအပ်နေတာ ဆန်ပေါ့။ ပိုက်ဆံရမယ်ဆိုရင် ကနီနယ်ဘက်ကို ဆင်းပြီးတော့ ဆန်ဝယ်ပြီး အရေးပေါ် ထောက်ပံ့ချင်တယ်။ အလှူရှင်တွေ လိုအပ်နေပါတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- စစ်ကိုင်းတွင် စစ်ဘေးရှောင်နေရသည့် ပြည်သူများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article