26 C
Yangon

ဖားကန့်တွင် လက်နက်ကိုင်ဆောင်ထားသော ဓားမြ ၅ ဦးကို PDFနှင့် ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

ဖားကန့်မြို့နယ်တွင် လက်နက်ကိုင်ဆောင်ပြီး ဓားမြမှု ကျူးလွန်နေသူ ၅ ဦးကို PDF ရဲဘော်များနှင့် ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၈ ရက်နေ့ ည ၁၀ နာရီခန့်က ဖားကန့်မြို့နယ် ဆိပ်မူနှီးဘုရားကုန်းရှိ နေအိမ် ၁ လုံးကို လက်နက်ကိုင်ဆောင်ပြီး ဓားမြတိုက်သွားသူ ၅ ဦးသည် HAPPY KTV တွင် ပျော်ပါးနေချိန် ဖားကန့် K.PDF ရဲဘော်များနှင့် ပြည်သူများမှ ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဓားမြမှု ကျူးလွန်သူ ၅ ဦးမှာ အိုက်လျန်(ခ)ဇော်မျိုးအောင်
(တန့်ဆည်မြို့နယ် သဲစားရှာရွာ)၊ ငြိမ်းချမ်းဦး (တန့်ဆည်မြို့နယ် သဲစားရှာရွာ)၊ မြင့်သူ (တန့်ဆည်မြို့နယ် သဲစားရှာရွာ)၊ မျိုးသက်နိုင်(ခ)နွားကြီး (ဆိုင်းတောင်)နှင့် စိုင်းအိုက်နောင့် (ဆိုင်းတောင်) တို့ ဖြစ်ပြီး ၎င်းတို့နှင့် အတူ သေနတ် အရှည် ၂ လက်၊ ကျည် ၄၁ တောင့်၊ အတု အတိုသေနတ် ၁ လက်နှင့် သိမ်းဆည်းရမိသော ငွေသား သိန်း ၁၀၀ ကျော်နှင့် အတူ ဖုန်း ၇ လုံးနှင့် ကား ၁ စီးတို့ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

” သူတို့ ၅ ဦးက PDF အမည် သုံးပြုပြီး ဓားမြ တိုက်နေတာ PDF ပုံရိပ် ကျဆင်းစေရုံတင် မဟုတ်ဘဲ အများပြည်သူတွေရဲ့ သံသယနဲ့ စိုးရိမ် ထိတ်လန့်မှုကိုပါ ဖြစ်စေခဲ့ပါတယ်။ PDF ပုံရိပ်ကို ကျဆင်းစေအောင် ရည်ရွယ်ချက်ရှိရှိ စစ်ကောင်စီရဲ့ လက်ပါးစေတွေက စေခိုင်းချက်အရ ပြည်သူနဲ့ PDF ကို သွေးကွဲစေရန် လုပ်ဆောင်နေခြင်းတွေကို စစ်ဆေး တွေ့ရှိခဲ့ရပါတယ်။ PDF ပုံရိပ်ကို ထိခိုက် ကျဆင်းစေရန် ပြစ်မှု ကျူးလွန်သူမှန်သမျှကို ဖားကန့် K.PDF တပ်ရင်း တပ်ဖွဲ့များနဲ့ ကျေးရွာ ရပ်မိ ရပ်ဖများ မှ လုံးဝ(လုံးဝ)ခွင့်လွှတ်မည် မဟုတ်ဘဲ အရေးယူသွားမည်” ဟု ဓားမြ ဖမ်းဆီးရေးတွင် ပါဝင်ခဲ့သည့် ဖားကန့် ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article