ရန်ကုန်၊ အောက်တိုဘာ ၃
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် အရာတော် လူထုသပိတ်ကော်မတီနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ လူအင်အား ထောင်ချီဖြင့် အောက်တိုဘာလ ၃ ရက် ယနေ့ ညနေပိုင်း၌ ချီတက်ဆန္ဒပြကြသည်။
“ဖက်ဆစ်အရိုးနဲ့ မူးမြစ်မှာ တံတားထိုးမယ်” စာသားကိုင်ဆောင်ကာ ချီတက်ဆန္ဒပြကြပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များက လိုက်ပါဝန်းရံခဲ့ကြောင်း သိရှိရသည်။