19 C
Yangon

မွန်ပြည်နယ်၊ ခေါဇာမြို့ ၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ ၂၀ ဦး သေဆုံး၊ ပြည်သူ့ရဲဘော် ၂ ဦးကျဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

မွန်ပြည်နယ်၊ ခေါဇာမြို့၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးကြောင်း ဒေသကာ ကွယ် ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

မွန်ပြည်နယ်၊ ရေးမြို့နယ် ၊ ခေါဇာမြို့တွင် ယနေ့ညနေ ၅ နာရီခန့်အချိန်တွင် မွန် ပြည်နယ်တောင်ပိုင်းကာကွယ်ရေးတပ် MSDF – S စစ်ကြောင်းသည် ခလရ – ၃၁ နှင့် ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ချိန် ၂၅ မိနစ်ခန့်ကြာမြင့်ပြီး အင်အားမမျှသဖြင်လုံခြုံစိတ်ချရာသို့ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း၊ တိုက်ပွဲတွင် စကစ (ခလရ – ၃၁ ) ဘက်မှ အနည်းဆုံး ၃ ဦးကျဆုံးပြီး MSDF – S မှ အာဏာရှင်ဖြုတ်ချရေးနှင့်တော်လှန်ရေးအတွက် မျိုးချစ်ရဲဘော် ၂ ဦး ကျဆုံးခဲ့ရကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။

ထို့အတူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ တဂေးကျေးရွာအနီး စက် တင်ဘာလ ၂၉ ရက်နေ့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို KNLA တပ်ရင်း ၁၇နှင့် နဂါးနီစစ်ကြောင်းပူးပေါင်းတပ်ဖွဲများနှင့်အတူ မိမိတို Saw Dragon Drone Force – SDDF တပ်ဖွဲက ဒရုန်းဖြင့် ဗုံးသုံးလုံးကျဲ တိုက်ခိုက်ခဲ့ရာ ၂လုံးထိမှန်ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ အောက်တိုဘာလ ၂ ရက်နေ့ ညနေ ၅နာရီအချိန် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချောင်းနှစ်ခွတံတားရှိ စစ်ကောင်စီရဲကင်းစခန်းကို ဗုံး၂လုံးချ၍ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး တပ်ကြပ်(သုံးရစ်) တစ်ဦးနှင့် တပ်သား ၃ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း၊ စစ်ဆင်ရေးနှစ်ရပ်လုံး အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် ရဲဘော်အားလုံးအထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း Saw Dragon Drone Force – SDDFမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ကရင့်အမျိုးသား အစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေ၊ တောင်နီး ကျေး ရွာအနီးရှိ အကြမ်းဖက် စစ်ကောင် စီ၏ ခမရ ၁၀၄ ကို KNLA တပ်ရင်းမှ လက် ဖြောင့် စနိုက်ဘာ စစ်သည်များက ပစ်ခတ်တိုက်ခိုက်ရာ အောက်တိုဘာ ၁ ရက်နေ့တွင် စစ်သား ၁ ဦး၊ ယနေ့ အောက်တိုဘာ ၃ ရက်နေ့ တွင် စစ်သား ၃ ဦး သေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ယနေ့နံနက် ပိုင်းတွင် သာဂရ- မြင်းဒေါင်းကြား မူးတိမ်ချောင်းတံတားရှိ အကြမ်းဖက်စစ်ကြောင်းသည် ချောင်းတံတားနှင့် သံလမ်းဂိတ်တဲ ကြား တွင် သံလမ်းကွန်ကရစ်ဇလီဖားတုံးများအသုံးပြု၍ ဘန်ကာ ဆောက်လုပ်နေသည်ဟု သတင်းရရှိသော ကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ များက Drone နှင့် ၂ဆင့်ကွဲ များဖြင့် တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး အဖွဲ့က သတင်းထုတ်ပြန်သည်။

ဓာတ်ပုံ- KNLA မှ ပြည်သူ့ကာကွယ်ရေး တော်လှန်ရေး ရဲမေတစ်ဦး။

Photo Credit- ကော်ဘရာစစ်ကြောင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article