ရန်ကုန်၊ အောက်တိုဘာ ၃
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်တွင် လျှပ်စစ်မီတာခများကို ဘဏ်သွား အပ်နှံသည့်ပုံစံ အယောင်ဆောင်ပြီး PDF များကို ဖမ်းဆီးရန် ကြံစည်နေစဉ် PDF က ပစ်ခတ်သဖြင့် ဒုရဲမှူး ဇော်ဝင်း ပွဲချင်းပြီး သေဆုံးပြီး ဗိုလ်မှူး ဇော်ဇော်နိုင်မှာလည်း ရရှိဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ရဲသတင်းရပ်ကွက်ထံမှ သိရှိရသည်။
ယနေ့ မွန်းလွဲပိုင်း စဉ့်ကိုင်မှ ဗိုလ်မှူး ဇော်ဇော်နိုင်နှင့် ဒုရဲမှူး ဇော်ဝင်းတို့က PDF များကို ဖမ်းဆီးရန်အတွက် မီတာခများကို ဘဏ်သို့သွားအပ်နှံသည့်ပုံစံ အယောင်ဆောင်နေစဉ် PDF များက ၎င်းတို့ကားကို ဝင်ရောက်ပစ်ခတ်သဖြင့် ဒုရဲမှူးဇော်ဝင်း ပွဲချင်းပြီး သေဆုံးပြီး စစ်တပ်ဗိုလ်မှူး ဇော်ဇော်နိုင်မှာလည်း ဆေးရုံတွင် ဒဏ်ရာအပြင်းအထန်ဖြင့် သေဆုံးသွားကြောင်း မြစ်ငယ် PDF ထံမှ သိရှိရသည်။
ထို့ပြင် EPC မန်နေဂျာ ဇွဲညီညီ၀င်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးမှာလည်း ဒဏ်ရာရရှိထားကြောင်း သိရှိရသည်။
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ မန္တလေး-ကျောက်ဆည် လမ်းပေါ်တွင် လျှပ်စစ်မီတာခများကို ဘဏ် အပ်နှံရန် သွားရောက်သော EPC မန်နေဂျာ နှင့် စစ်ကောင် စီတပ်ဖွဲ့ဝင် ၃ ဦး လိုက်ပါသော ကားကို PDF မဟာမိတ် ၃ ဖွဲ့က တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန်၊ မန္တလေး-ကျောက်ဆည်လမ်း၊ စဉ့်ကိုင်ပေါ်တော်မူ ဘုရားအနီးတွင် ပုလိပ် EPC ရုံးမှ လျှပ်စစ်မီတာခများ ကို ဘဏ်သို့ ပေးသွင်းရန် သွားသော EPC မန် နေဂျာ၊ စစ်သား ၃ ဦး လိုက်ပါသော ကားကို ကြား ဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုတွင် အမြန်ပြန်လည် ဆုတ်ခွာရသဖြင့် မီတာခငွေများနှင့် လက်နက်များကို သိမ်းဆည်းနိုင်ခြင်း မရှိခဲ့ကြောင်း၊ ပုလိပ် EPC ရုံးသည် ပြည်သူလူထု ကို မီတာမဆောင်ပါက မီတာဘောက်များ ဖြုတ်မည်ဟု ခြိမ်းခြောက်ပြီး ချွေးနည်းစားများကို အတင်းအကျပ် ကောက်ခံကြောင်း၊ ပြည်သူ၏ ငွေကြေး များ စစ်အသုံးစရိတ် မဖြစ်စေရန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- PDFက ပစ်ခတ်သဖြင့် ဒုရဲမှူးဇော်ဝင်း ပွဲချင်းပြီး သေဆုံးပြီး စစ်တပ်ဗိုလ်မှူး ဇော်ဇော်နိုင်မှာ ဒဏ်ရာအပြင်းအထန်ဖြင့် သေဆုံးသည်။