23 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၄ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – စစ်ကိုင်းတိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲတွေမှာ စစ်သားတွေ ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေကို အစီရင် ခံစာ၊ ကြေးနန်းတွေမှာ ထည့်သွင်းဖော်ပြတာမျိုးမလုပ်ဖို့အတွက် စစ်ကိုင်းတိုင်းစစ်ကောင်စီ၊ လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး ညွှန်ကြားချက်ထုတ်ပြန်တဲ့စာ ပေါက်ကြားမှုကြောင့် ဝန်ထမ်းအများအပြား ထိန်းသိမ်း စစ်ဆေးခံရတယ်လို့ ရန်ကုန်ခေတ်သစ်ရဲ့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။ – မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ လျှပ်စစ်မီတာခတွေကို ဘဏ်သွား အပ်နှံတဲ့ပုံစံ အယောင်ဆောင်ပြီး PDF တွေကို ဖမ်းဆီးဖို့ ကြံစည်နေချိန်မှာ PDF က ပစ်ခတ်တဲ့အတွက် ဒုရဲမှူး ဇော်ဝင်း ပွဲချင်းပြီး သေသွားပြီး ဗိုလ်မှူးဇော်ဇော်နိုင် မှာလည်း ရရှိဒဏ်ရာနဲ့ သေသွားတယ်လို့ ရဲသတင်းရပ်ကွက်ဆီကသိရပါတယ်။ -မန္တလေးတိုင်း ညောင်ဦးခရိုင်မှ NLD အမာခံပါတီဝင် အမျိုးသား ၃ ဦး ကို စစ်တပ်က ဖမ်းဆီးသတ် ဖြတ်ပြီး အမျိုး သမီး ၁ ဦးကိုမူ မုဒိမ်းကျင့် သတ်ဖြတ်သွားတဲ့သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article