22 C
Yangon

မန္တလေးတိုင်းတွင် စစ်အရာရှိအသွင်ပြောင်းများနှင့် စစ်တပ်အမျိုးအနွယ် ထောက် ခံသူများကို မြို့နယ်လျှပ်စစ်မန်နေဂျာများအဖြစ် ဆက်တိုက်ခန့်အပ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

မန္တလေးတိုင်းတွင် စစ်အရာရှိ အသွင်ပြောင်းများ၊ စစ်တပ်အမျိုးအနွယ်များ၊ စစ်တပ်အမာခံထောက်ခံသူများကို မြို့နယ်လျှပ်စစ်မန်နေဂျာများအဖြစ် ဆက်တိုက်ခန့်အပ်နေကြောင်း ဝန်ကြီးဌာန သတင်းရင်းမြစ်နှင့်ဒေသခံများက ပြောဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင် မန္တလေး လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်မှ မိုးကျရွှေကိုယ် စစ်အရာရှိဟောင်းများ ဖြစ်ကြသည့် ဗိုလ်ကြီးဟောင်း စိုင်းလူလူမော်ကို မလှိုင်မြို့နယ် လျှပ်စစ်မန်နေဂျာအဖြစ်လည်းကောင်း၊ ဗိုလ်ကြီးဟောင်း ညိုလွင်အောင်ကို ဝမ်းတွင်းမြို့နယ် လျှပ်စစ်မန်နေဂျာအဖြစ်လည်း ကောင်း၊ စစ်အရာရှိများ၏ ထောက်ခံမှု လည်းရရှိပြီး ကိုယ်တိုင်လည်း စစ်ဗိုလ် ၏ အမေတစ်ဦးဖြစ်သူ ဒေါ်ဝင်းမြင့်ဌေးကို စစ်တပ်မြို့ဖြစ်သည့် ပြင်ဦးလွင်မြို့ နယ် လျှပ်စစ်မန်နေဂျာအဖြစ်လည်းကောင်း ၊ စစ်တပ်ထောက်ခံသူနှင့် အမာခံဖြစ်သူ မောင်မောင်စွယ်စုံထွန်းကို နွားထိုးကြီးမြို့နယ် လျှပ်စစ်မန်နေဂျာအဖြစ်လည်းကောင်း ခန့်အပ်လျက်ရှိကြောင်း လျှပ်စစ်ဝန်ကြီးဌာန သတင်းရင်းမြစ်ထံမှ သိရှိရသည်။

အလားတူ မန္တလေး၊ ပုသိမ်ကြီးမြို့နယ် လျှပ်စစ်မန်နေဂျာအဖြစ် ဗိုလ်ကြီးဟောင်း ကျော်ညွှန့်ကို ပြောင်းရွှေ့ခန့်ထားကြောင်း၊ လျှပ်စစ်မန်နေဂျာ ရာထူးအားလုံးကို စစ်တပ်နှင့်ပတ်သက်သူများကိုသာ ခန့်အပ်နေကြောင်း သိရှိရသည်။

“အခုမြို့နယ် လျှပ်စစ်မန်နေဂျာ ရာထူးတွေအားလုံးကို စစ်ဗိုလ်ဟောင်းတွေနဲ့ စစ်တပ်နဲ့ပတ်သက်နွယ်သူ၊ စစ်တပ် အမာခံတွေပဲ ပြောင်းရွှေ့ ခန့်အပ်နေပါတယ်” ဟု ဝန်ကြီးဌာန သတင်းရင်းမြစ်ထံမှ ပြောဆိုသည်။

အဆိုပါ စစ်ဗိုလ်ဟောင်းနှင့် စစ်တပ်အမာခံထောက်ခံသူ မြို့နယ် လျှပ်စစ်မန်နေဂျာများက မီတာမဆောင်လျှင် ရပ်ကွက်အလိုက် မီးဖြတ်ခြင်း၊ စစ်တပ်နှင့်ရဲများကို အကူအညီတောင်းခံ ပူးပေါင်း၍ ပြည်သူများထံမှ အတင်းအဓမ္မ မီတာခံ ကောက်ခံခြင်း၊ ဖမ်းဆီးရိုက်နှက်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article