31 C
Yangon

ဆားလင်းကြီးတွင် သေနတ်လွယ်ပြီး စျေးလာဝယ်သည့် ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ သေနတ် ၄ လက် သိမ်းဆည်းသွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစျေးတွင် ယမန်နေ့ သေ နတ်လွယ်ပြီး စျေးဝယ်ထွက်လာသည့် ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကာ သေနတ် ၄ လက် သိမ်းဆည်းခံလိုက်ရကြောင်း ရဲသတင်း ရင်းမြစ် နှင့်ဒေသခံများထံမှ သိရှိရသည်။

အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး နံနက်ခင်းစျေးသို့ ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦးဖြစ်ကြသည့် ရဲ ဒုတပ်ကြပ် ညီညီထွေး ၊ ရဲဒုတပ်ကြပ် စည်သူစိုး ၊ ရဲတပ်သား အောင်ဆန်းဝင်း နှင့် ရဲတပ် သား ဇင်ကိုဖြိုးတို့ သေနတ်များ လွယ်၍ စျေးဝယ်ထွက်လာကြကြောင်း၊ ရဲ ၄ ဦးကို ကားတစ်စီးဖြင့် လာရောက်ပစ်ခတ်ပြီး ရဲ ၄ ဦးလုံး သေဆုံးကာ လက်နက် ၄ လက်နက်ကို သိမ်းဆည်းသွားကြောင်း သိရှိရသည်။

“ရဲ ၄ ဦးက သေနတ်တွေလွယ်ပြီး အရပ်ဝတ်တွေနဲ့လာတာပါ။ ကားနဲ့ လာပစ်သွားပြီး လက်နက်တွေ ကောက်ယူသွားတယ်။ ပစ်ခတ်မှုဖြစ်တာ ၅ မိနစ်၊ ၁၀ မိနစ်ပဲ အရမ်းမြန်တယ်။ နောက်တော့ တစ်စျေးလုံး အကုန်ဆိုင်တွေ ပိတ်ပြီး စျေးက လူမရှိတော့ဘူးဖြစ်သွားတယ်။ မနေ့ညကလည်း ဆားလင်းကြီးမြို့ပေါ်မယ် ကင်းတွေ ပတ်တယ်။ ရဲတွေက လက်ဖက်ရည်ဆိုင်ထိုင်လည်း အပစ်ခံရ၊ စျေးသွားလည်း အပစ်ခံရဖြစ်နေတာ” ဟု ဆားလင်းကြီးမြို့ခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article