21 C
Yangon

စစ်ကောင်စီ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Website ဟက်ခံထားရပြီး ပြည်သူများ စစ်အာဏာရှင် တော်လှန်ရေးအတွက် Click ဖို့ မမေ့ကြရန် နှိုးဆော်ထား

Must read

ရန်ကုန်၊ အောက်တိုဘာ ၄

အကြမ်းဖက်စစ်ကောင်စီ၏ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Website သည် ယနေ့ နံနက်ပိုင်းတွင် ဟက်ခံထားရပြီး ပြည်သူများ စစ်အာဏာရှင် တော်လှန်ရေး ရန်ပုံငွေများ ရရှိရန် Click ကြရန် နှိုးဆော်ထားသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ Website https://www.drd.gov.mm တွင် “Click ဖို့ မမေ့ကြပါနဲ့ ” ခေါင်းစဉ်ဖြင့် နွေဦးတော်လှန်ရေး ပြည်သူများ သွေးမအေးကြရန် တိုက်တွန်းထားသည်။

“ဒီမနက်ကျမှ Website က ဟက်ခံထားတာတွေ့ရတယ်။ အခြားသတင်းတွေနဲ့ ရောက်ပြီး Click ကြဖို့ တိုက်တွန်းထားတယ်။ ဟက်လို့ ဟက်မှန်းတောင် မသိအောင် လုပ်ထားတာတွေ့ရပါတယ်” ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်။

Website တွင် ပြည်သူများ Click ဖို့ မမေ့ကြပါနဲ့ ရေးသားဖော်ပြထားရာတွင် ရေးသားသူ နောင်သူရိန်က-

“အေးဆေးပဲ သူငယ်ချင်း” ငါ အမြဲပြောနေတဲ့ ခေတ်ပျက်ကြီးက ခုပြ‌နေတဲ့ ရုပ်ရှင်ကားပဲ စီးကရက်ခဲ ဘီယာဆိုင်မှာ ကြည့်ပေါ့ လှိုင်သာယာ ရောက်ဖူးစရာမလိုသလို လေ့ကေ့ကော် ရောက်ဖူးစရာမလိုဘူး စစ်ကိုင်းကို မသိနဲ့ ကရင်နီကို မသိနဲ့ လိုင်ဇာဟာ အခြားကမ္ဘာတခုပဲ မီးရှို့ခံလိုက်ရတဲ့ အိမ်တလုံးဟာ မင်းလက်က စီးကရက်လို တငွေ့ငွေ့ပြာကျလို့ စစ်ဘေးစစ်ဒဏ်ဟာ မင်းပြောတဲ့ ဝဋ်နာကံနာပေါ့ မင်းမမြင်တဲ့ စိန်ပန်းနီနီတွေတော့ ပွင့်နေဦးမှာပါ ကျည်ကွယ်မျက်ကွယ်ကနေ မင်း လက်သီးဆုပ်ကို ဖြည်ချလိုက် တော့ မင်းသိတဲ့ အဘိဓမ္မာဟာ မင့်စော်မွေးနေ့ အရုပ်ဝယ်ပေးနိုင်ဖို့မလား အေးဆေးပဲ ငါ့ကောင် ဇာတ်ဝင်ခန်းတခန်းမှာ မင်းသူငယ်ချင်း ခြေနှစ်ဖက်လုံးပြတ်သွားတာ မင်းနဲ့ ဘာမှမဆိုင်ဘူး ဒီကောင်ရဲ့ ဖင်ယားမှုပဲ မင်းတို့က ‌ရေနဲ့ထမင်းပဲလို့ ရယ်စရာပြောနေချိန်မှာ ငါတို့ကလည်း ငါးနီတူနဲ့ပဲ ပဲ မင်း စိတ်ညစ်လို့ အရက်သောက်နေချိန်မှာ စော်ပစ်ခံငါ့ရဲဘော်‌က ကျည်ဆန်ကြား ရူးရူးမိုက်မိုက် တိုးဝင်သွားပြီ ငါတို့ ဝဋ်ကလည်းကြီးတယ် ပြည်ပကို အသည်းအသန်ထွက်သူတွေကြား ကိုယ့်ခြေဖဝါးအောက် ဖှုန့်မှုန့်လေးကို ဖက်တွယ်နေရ ကိုယ်ပိုင်အသိုက်အဝန်းလေးကို ခင်တွယ်နေရ အိမ်ယာအပိုင်ရှိသူတွေကြား ငါတို့မှာတဲတွေ အများကြီး ရှိတယ်လို့ ဂုဏ်ယူနေရ နိဗ္ဗာဆိုတာ ကိုယ့်ဖြစ်တည်မှုမှာ နေပျော်ဖို့ပဲမလား သူပုန်ဘဝကို ကျေနပ်တယ် ဖက်ကြမ်းအတိုကို ကြိုက်တယ် ဘလက်လေဘယ်နဲ့ ချက်အရက်ကွာပေမယ့် မူးယစ်ရီဝေတာချင်းတော့ တူတယ် အေး‌ဆေးပဲ ငါ့ကောင် လူဆိုတာ တိုက်ပွဲတွေရဲ့သားကောင်ပဲ သမိုင်းဆိုတာ လိုင်းကားစီးရင်ရောက်တယ် ဆိုတဲ့ မင်းအသိက မမှားဘူး ငါ့တို့ စာသင်ခန်းတွေမှာ ” ဘဘကြီး ကျန်းမာပါစေ” ပဲ အော်ခဲ့ရတာမလား ဘီလ်ဂိတ်ကိုပဲ ဆက်ပြီးအားကျ ငါ့ကောင် ငါကတော့ ချေဂွေဗားရား ကစလို့ မြသွဲ့သွဲ့ခိုင် မင်းခန့်သစ္စာအထိ အလေးပြုဦးမယ် လူအဖွဲ့အစည်းထဲ အံမဝင်ဂွင်မကျမှုနဲ့ မျိုးကွဲသတ္တဝါတကောင်လို လွတ်မြောက်ခြင်းအဘိဓမ္မာကို ထပ်ရွတ်ပြချင်ပေမယ့် ဒီသိုးမဲကောင်က မင်းသိထားတဲ့ငါမဟုတ်တော့ဘူး ဝေဒနာကို ဘယ်သူ့မှ မမျှချင်တော့ဘူး အေးဆေးငါ့ကောင် အရင်လို စာ‌ပို့ပြီးဖျက်စရာမလိုတော့ဘူး အကောင့်ကို အန်ဖရန့်လုပ်စရာမလိုတော့ဘူး ဒီစစ်ပွဲပြီးရင် ငါတို့လည်း အိမ်ပြန်နိုင်‌ဖို့ မသေချာဘူး ။ ။” ဟု ရေးသားထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article