Khit Thit သတင်းဌာန၏ အောက်တိုဘာ ၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၄ ရက် ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – ကြံ့ဖွတ်ပါတီမှာ ရန်ပုံငွေ အလွဲသုံးစားမှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့်ဆိုပြီး ၊ အကျပ်ကိုင်ခံနေ ရတဲ့သန်းဌးဟာ မင်းအောင်လှိုင်ရဲ့ အလိုကျ အတိုင်း ကြံ့ဖွတ် – ဥက္ကဋ္ဌ ရာထူးကို ထပ်မံ မယှဉ်ပြိုင်တော့ ဘူးလို့ ဒီကနေ့ အောက်တိုဘာလ ၄ ရက်နေ့ ကြံ့ဖွတ် ညီလာခံမှာ တရားဝင် ကြေညာသွား ပြီဖြစ် ပါတယ်။ – စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးစျေးမှာ အောက်တိုဘာလ ၃ရက်နေ့က သေနတ် လွယ်ပြီး စျေးဝယ်ထွက်လာတဲ့ ညောင်ပင်ကြီး- ရဲစခန်းက ရဲ ၄ ဦးဟာ ပစ်ခတ်ခံရပြီး သေဆုံးသွား သလို သူတို့ဆီက သေနတ် ၄ လက်ကိုပါ သိမ်းဆည်းခံလိုက်ရတယ်လို့ ရဲသတင်းရင်းမြစ် နဲ့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကမ်းပြို-ဒေသမှာ စစ်ကောင်စီရဲ့ စစ်သင်္ဘောတစ်စီးပါ ထောက်ပို့ရေယာဉ် ၁၃ စီး အုပ်စုကို ဒေသကာကွယ်ရေးအဖွဲ့တွေက အောက်တိုဘာလ ၃ ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။