ရန်ကုန်၊ အောက်တိုဘာ ၄ ရက်
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်လူငယ်အင်အားစုသပိတ်ကော်မတီက ဦးဆောင်၍ ချောင်းဦးမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြကြသည်။
ချောင်းဦးမြို့နယ်အတွင်း ပျောက်ကွယ်နေသည့် လမ်းမပေါ်လူထုသပိတ်တိုက်ပွဲများ တစ်ဖန်ပြန်လည်အားကောင်းလာစေရေး အတူတကွကြိုးပမ်းကြရန်၊ပြည်သူလူထုအပေါ် ဥပဒေမဲ့မတရားနှိပ်စက်သတ်ဖြတ်နေသည့် စစ်ကောင်စီအား နိုင်ငံတကာမှကျဥ်ဖယ်ကြရန်၊ မြေပေါ်မြေအောက်လက်တွဲညီညီ အပြန်အလှန်ထိန်းကြောင်းရင်း စည်းလုံးညီညွတ်စွာဖြင့် တော်လှန်ရေးခရီးကြမ်းအား ဆက်လက်လျှောက်လှမ်းကြရန် သပိတ်ဦးဆောင်လာသူများက ဟောပြောခဲ့ကြသည်။
ချောင်းဦးမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီ၏ ဖိနှိပ်မှုများကိုအလူးအလဲခံစားရသည့် မြို့နယ်တစ်ခုဖြစ်သော်လည်း ပြည်သူလူထုသည် ယနေ့ချိန်ထိ စစ်ကောင်စီအား လက်မခံဘဲ ဆန့်ကျင်တော်လှန်နေကြဆဲဖြစ်သည်။