ရန်ကုန်၊ အောက်တိုဘာ ၄
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ရဲစခန်းမှ ရဲများကို စစ်တပ်က ပြန် လည် ခေါ်ဆောင်သွားရာတွင် ရဲတစ်ဦးကို သတင်းပေး မသင်္ကာမှုဖြင့် လှည်လှီး သတ်ဖြတ်လိုက်ပြီး စစ်တပ်က သတ်ဖြတ်ထားသော ရဲအလောင်းပုံကို ရရှိထားကြောင်း မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လင်္ကျာက ပြောသည်။
စစ်တပ်က သရက်ကန်ရဲစခန်းကို ဖျက်ဆီးပြီး ရဲများအားလုံးကို ပြန်လည် ခေါ်ဆောင်သွားရာတွင် ကန်သစ်ရွာမှ ပြည်သူတချို့ကိုလည်း ဓားစာခံအဖြစ် ဖမ်း ဆီးသွားခဲ့ကြောင်း၊ အဆိုပါဓားစာခံများအနက်မှ တစ်ဦးသည် ထွက်ပြေးလွတ် မြောက်လာပြီးနောက် စစ်တပ်က ရဲတစ်ဦးကို လှည်လှီးသတ်ဖြတ်သည့် ဖြစ်စဉ်ကို သတင်းပို့လာခြင်းဖြစ်ကြောင်း ဗိုလ်လင်္ကျာက ဆိုသည်။
“ရဲတစ်ဦးက ခဏခဏ ဖုန်းဆက်နေတယ်။ အဲဒါ စစ်ကြောင်းမှူး က မသင်္ကာလို့ ဖုန်းစစ်ကြည့်ရင်းနဲ့မှ သူတို့ချင်း စကားများကြတယ်။ အဲဒီမှာ ရဲက ထွက် ပြေးတယ်။ အဲဒီမှာ ရဲကို ဖမ်းဆီးပြီး စစ်ရင်း စစ်ရင်းနဲ့မှ လည်ပင်းကို ဓားနဲ့လှီးသတ်တယ်ပြောတယ်။ သရက်ကန်စခန်းမှာ ရဲက ၉ ဦး ရှိတယ်။ အသတ်ခံရတဲ့ ရဲက ဘယ်သူမှန်းမသိရဘူး။ ကျနော့်ဆီကို CDM ဝင်ဖို့ ဆက်သွယ်တာ ရဲ ၂ ဦးရှိတယ်။ အဲခုကျတော့ ရဲတွေ အကုန်ပြန်ခေါ်သွားတော့ CDM လည်းမလုပ်ဖြစ်တော့ ဘူးပေါ့။ စစ်တပ်က သတ်ဖြတ်ထားတဲ့ ရဲအလောင်းပုံကိုလည်း တင်ထားတယ်” ဟု ဗိုလ်လင်္ကျာက ဆိုသည်။
မကွေးတိုင်း ပေါက်မြို့နယ် သရက်ကန်ရွာ ရဲစခန်းကို စစ်ကောင်စီတပ်ဖွဲ့များက စက်တင်ဘာလ ၂၈ ရက်နေ့ မီးရှို့ပြီး စွန့်ခွာထွက်ပြေးသွားပြီးနောက် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် အပြီးတိုင် ဖျက် သိမ်း မြှေညိရှင်းလိုက်ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ် ကြောင်းက သရက်ကန်ရွာကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်း မီးရှို့ဖျက်ဆီးကြောင်း၊ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် သရက်ကန် ရဲစခန်းကို ရဲနှင့် စစ်သားများက မီးပြန်ရှို့ ဖျက်ဆီးပြီး စခန်း စွန့်ခွာသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်က သတ်ဖြတ်ထားသော သရက်ကန်ရဲစခန်းမှ ရဲတစ်ဦး။