23 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၅ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -ကမ္ဘောဒီယားနိုင်ငံမှာ လာမယ့်နိုဝင်ဘာလကျင်းပမယ့် အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးကို မြန်မာနိုင်ငံကအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ကြားတာမရှိဘူးလို့ ကမ္ဘောဒီးယား အစိုးရက တရားဝင်သတင်းထုတ်ပြန်ပါတယ်။ – လောင်းလုံး၊ ပုလော၊ ပခုက္ကူ၊ ရေးမြို့တို့မှာ ပျူစောထီး၊ အုပ်ချုပ်ရေးမှူးနဲ့ သတင်းပေး ၇ ဦး ပစ်ခတ်ခံရပြီး သေသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ယမန်နေ့က ညောင်ပင်ကြီးရဲစခန်းက ရဲ ၄ ဦးကို ပစ်ခတ်တိုက် ခိုက်ခဲ့ပြီး သေနတ် ၄ လက် သိမ်းဆည်းရမိတယ်လို့ အမိမြေ တော်လှန်ရေးတပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။ – မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက်ကန်ရဲစခန်းကရဲတွေကို စစ်တပ်က ပြန်လည်ခေါ်ဆောင်သွားရာ ရဲတစ်ဦးကို သတင်းပေး မသင်္ကာမှုနဲ့ လှည်လှီး သတ်ဖြတ်လိုက်ပြီး စစ်တပ်က သတ်ဖြတ်ထားတဲ့ သတင်း အပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article