25 C
Yangon

မုံရွာ၊ လယ်ဇင်ရွာ အဝင်လမ်းကို စစ်တပ်က မြေတူးစက်ဖြင့် ဖျက်ဆီး၊ မုံရွေးကြေးမုံရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၅ လုံးပြာကျ

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်း မုံရွာခရိုင် လယ်ဇင်စံပြကျေးရွာ အဝင်လမ်းကို အကြမ်းဖက် စစ်တပ်က အောက်တိုဘာလ ၅ ရက်နေ့ နံနက်ပိုင်းတွင် မြေတူးစက်များဖြင့် လာရောက် ဖျက်ဆီးသွားကြောင်း ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ယနေ့ နံနက် ၁၀ နာရီခန့်တွင် လယ်ဇင်ရွာ အဝင်လမ်းကို မြေတူးစက်များဖြင့် ဖျက်ဆီးသွားပြီး မွန်းလွဲ ၁၂ နာရီ ၁၄ မိနစ်အချိန်ခန့်တွင် လယ်ဇင်းရွာမှ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။

” အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ် လောက်က မုံရွာ ပြည်ထောင်စုလမ်းကနေ မြေတူးစက် ၁ စီး၊ စစ်ခွေးကား သံပြားကာ ၁ စီးနဲ့ ထွက်လာပြီး လယ်ဇင်ရွာ အဝင်လမ်းကို မြေတူးစက်နဲ့ ထိုးပြီး ဖျက်ဆီး သွားတယ်။ ၁၂ နာရီ ၁၄ မိနစ်လောက်မှာ လယ်ဇင်ရွာက စစ်ခွေးတွေ ပြန်ထွက်သွားတယ်” ဟု စစ်ကိုင်းမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အလားတူ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မုံရွေးကြေးမုံရွာကို အောက်တိုဘာလ ၄ ရက်နေ့မှ စတင်ကာ ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ထိ ဝင်ရောက် စီးနင်းလျက်ရှိပြီး ပြည်သူပိုင် နေအိမ် ၅ လုံး မီးရှို့ဖျက်ဆီးခံထားရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article