26.3 C
Yangon

မော်ကျွန်းမြို့မှ ပျူစောထီးခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်ကြည် လက် ဖက်ရည်ဆိုင်ထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံး၊ တောင်ဥက္ကလာမှ စစ်တပ်သတင်းပေး မောင်မောင်ရဲမြင့်နှင့် ရေးမြို့မှ အုပ်ချုပ်ရေး မင်းသိန်းဦးတို့လည်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွယ် ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ ညနေပိုင်း ပျူစောထီးခေါင်း ဆောင် ခင်မောင်ကြည် လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ခင်မောင်ကြည်သည် မော်ကျွန်းမြို့၏ နာမည်ကြီး စစ်ကောင်စီသတင်းပေးတစ်ဦး ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး မော်ကျွန်းမြို့နယ် ၁၁ ရပ်ကွက်တွင် လက်ဖက်ရည်ဆိုင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးခြင်းဖြစ်ကြောင်း၊ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဧရာဝတီလင်းပိုင်အဖွဲ့၊ ဘိုကလေး PDF နှင့် မော်ကျွန်း ပကဖ အဖွဲ့တို့ ပူးပေါင်းကာ သေနတ် ၂ ချက်ပစ်၍ သုတ်သင်ရှင်းလင်းခဲ့ကြောင်း ဧရာဝတီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

“ဒီလူက မြို့မှာ စစ်တပ် ဒေါက်တိုင် ဒလန်အကြီးစားဗျ၊ ကိုယ်တိုင်လည်း ပျူစောထီးခေါင်းဆောင်ပဲ၊ မဘသ အဖွဲ့အစည်းဆိုလည်း သူပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောဆိုကြောင်း ဧရာ၀တီတိုင်းတော်လှန်ရေးသတင်းဌာနက ဆိုသည်။

အလားတူ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သီရိဇေယျာရပ်ကွက် မှ စစ်ကောင်စီခန့် ရပ်ကွက်ရာအိမ်မှူး မင်းသိန်းဦး သည် ယနေ့ နံနက်ပိုင်း သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

သီရီဇေယျာရပ်ကွက်အုပ်ချုပ်ရေးမှူး မင်းသိန်းဦးကို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ (MSRO) က ပစ်ခတ်ခြင်းဖြစ်ပြီး ပစ်ခတ်မှုအပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

“သေတာကတော့ ပွဲချင်းပြီးဆုံးတယ်။ လာပစ်တာသွားတာက အရမ်းမြန်လွန်းတော့ ဘာမှန်းတောင် မသိလိုက်ဘူး။ သေနတ်သံပဲကြားလိုက်ရတာ။ တော်လှန်ရေး ရဲဘော်တွေက အရမ်းမြန်တယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့အတူ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြိုနယ်၊ (၁၄) ရပ်ကွက်၊ သံသုမာလမ်းတွင် စစ်တပ်သတင်းပေးလည်းဖြစ်၊ ကားဝယ်ရောင်း မောင်မောင်ရဲမြင့်ကို သေနတ်သမားတချို့က ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း သိရှိရသည်။

“ပစ်ခတ်မှုမှာ အဲဒီလူက ချက်ချင်းသေသွားပါတယ်။ အဲဒါ သံသုမာလမ်းနှင့်သစ္စာလမ်းထောင့် ဥက္ကလာ ဘုရားနား၊ သံသုမာလမ်းပေါ် မြင်သာဈေးနှင့် ဥက္ကလာဘုရား အသွား၊ အပြန် နှစ်ဖက်လုံးကို စစ်တပ်နဲ့ရဲက ပိတ်ဆို့ပြီး စစ်ဆေးတယ်။ ပစ်တဲ့သူကိုမမိပါဘူး။ လွတ်သွားတယ်ကြားတယ်” ဟု တောင်ဥက္ကလာဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- စစ်ဝတ်စုံဝတ်ဆင်ထားသော မော်ကျွန်းမှ ပျူစောထီးခေါင်းဆောင် ခင်မောင်ကြည်၊ ရေးမြို့နယ်မှ အုပ်ချုပ်ရေးမှူး မင်းသိန်းဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article