32 C
Yangon

စစ်အာဏာသိမ်းမှုကြောင့် Puma Energy ကုမ္ပဏီက မြန်မာနိုင်ငံရှိ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ရောင်းချပြီး ရုပ်သိမ်း ထွက်ခွာပြီ

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် Puma Energy ကုမ္ပဏီက စက်သုံးဆီနှင့်လေယာဉ်ဆီ တင်သွင်းရောင်းချမှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ရောင်းချပြီး အပြီးအပိုင် ထွက်ခွာပြီဟု တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

စင်ကာပူအခြေစိုက် Trafigura စွမ်းအင်ကုမ္ပဏီကြီး လက်အောက်ခံ Puma Energy က မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံထားသော လုပ်ငန်းများကို ရောင်းချရန် သဘောတူညီ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း၊ Puma Energy Asia Sun နှင့် National Energy Puma Aviation Services (NEPAS) တွင်ပါဝင်သော ၎င်းပိုင် ရှယ်ယာများကို ရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ် ကြောင်း သိရှိရသည်။

Puma သည် မြန်မာနိုင်ငံတွင် စက်သုံးဆီနှင့်လေယာဉ်ဆီ အကြီးမားဆုံးတင်သွင်းနေသော သီလဝါဆိပ်ကမ်းတွင်လည်း အကျိုးစီးပွားများရှိနေကြောင်း၊ Puma စွမ်းအင်ကုမ္ပဏီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၎င်း လုပ်ငန်းများကို ရပ်ဆိုင်းကြောင်း ကြေညာပြီးနောက် တရားဝင် ထွက်ခွာရန် ကြေညာချက်ထပ်မံ ထွက်ပေါ်လာခြင်းဖြစ်သည်။

Puma Energy ကုမ္ပဏီသည် ပြည်တွင်း Asia Sun Energy ကုမ္ပဏီနှင့်ပူးပေါင်း၍ Puma Energy Asia Sun (PEAS) ကို ကုမ္ပဏီကို တည်ထောင်ကာ လောင်စာဆီတင်သွင်းဖြန့်ဖြူရေးလုပ်ငန်းများကို ၂၀၁၄ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ- ၂၀၁၇ ခုနှစ်တွင် တွေ့ရသည့် Puma Energy လုပ်ငန်းပိုင် ဆီဘောက်ဆာကားများ။

Photo- Reuters

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article