ရန်ကုန်၊ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းပိုင်းတွင် စစ်ကားမိုင်းဆွဲခံရပြီး စစ်သား ၅ ဦး သေဆုံးကြောင်း PDF မဟာမိတ်တပ်ပေါင်းစုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၃ ရက်နေ့ မုံရွာ- အရာတော်လမ်းပိုင်းတစ်နေရာတွင် အရာတော်မှ မုံရွာသို့ စစ် အင်အားအပြည့်ဖြင့် စီးနင်းလိုက်ပါလာသော စစ်ကားကို မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကားပေါ်မှ ၁၀ မိနစ်ခန့် ရပ် တန့်၍ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ၊ အများအပြား ဒဏ်ရာရရှိကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် အနောက်မြောက်တိုင်း မဟာမိတ် PDF တပ်ပေါင်းစု၏ တပ်ရင်း (၁)၊ တပ်ခွဲ (၃) မှ Red Eagle – People’s Defense Force ၊ God Of Monywa People’s Defense Force ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့နှင့်သပြေညို ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကရင်နီပြည်နယ်တွင် စက်တင်ဘာလအတွင်း မိုင်းဆွဲခံထားရသော စစ်ကားတစ်စီး။
Photo- KNDF