Khit Thit သတင်းဌာန၏ အောက်တိုဘာ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – မင်းအောင်လှိုင်ခေါင်းဆောင်တဲ့အာဏာသိမ်းစစ်ကောင်စီ စီစဥ်မယ့် ရွေးကောက်ပွဲကို မှတ်ပုံတင်ခြင်း လုံးဝမပြုလုပ်ဘဲ ရွေးကောက်ပွဲကို ပံ့ပိုးကူညီတာ လုံးဝမပြုလုပ်ကြဖို့တောင်းဆိုတယ်လို့ ရန်ကုန်မြို့မှာ မြေအောက်တော်လှန်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ အထူးတာဝန်လုပ်ငန်းအဖွဲ့(STA)က နိုင်ငံရေး ပါတီတွေကို မနေ့က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ – မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် Puma Energy ကုမ္ပဏီက စက်သုံးဆီနဲ့ လေယာဉ်ဆီ တင်သွင်း ရောင်းချမှုဆိုင်ရာရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေကိုရောင်းချပြီး အပြီးအပိုင်ထွက်ခွာသွားပြီလို့ တရားဝင်ထုတ် ပြန်ကြေညာလိုက်ပါတယ်။ – ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်က နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကောင်စီခန့် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့ရဲ့နေအိမ်ကို မနေ့ညနေက ဗုံး၊ သေနတ်တွေနဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။ – တနင်္သာရီတိုင်း ပုလောမြို့နယ် နန်းတော်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရရှိထားတဲ့ သတင်း တွေကို တင်ဆက်ပေးပါမယ်။