26 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၆ ရက် ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ – စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်က လမ်းတွေ ပိတ်ဆို့ထားတဲ့အတွက် ကားမျိုးစုံ စုစုပေါင်း – ၁၂၇ စီး နဲ့ ခရီးသည် ၃၀၀ အယောက်ကျော်ဟာ ၇ ရက်ကျော် ပိတ်မိနေတယ်လို့ ခင်ဦးဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။ -စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မုံရွေးကြေးမုံရွာမှာ အကြမ်းဖက် စစ်ကောင်စီတပ်က အောက်တိုဘာလ ၄ ရက်နေ့ကနေ ၅ ရက်နေ့ထိ တပ်စွဲပြီး ပြည်သူပိုင် နေအိမ် အလုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ – စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇော်ချောင်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဒီကနေ့ အောက်တိုဘာလ ၆ ရက်နေ့ မွန်းလွဲပိုင်းမှာ ၄ ကြိမ်မြောက် ဝင်ရောက် စီးနင်းပြီး မီးရှို့ ဖျက်ဆီးခဲ့တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article