25.9 C
Yangon

ဆစ်ဒနီမြို့တွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင် ရုံပြည့် ရုံလျှံ အားပေးမှု ရရှိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၆

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ ဘန့်စတောင်း ရပ်ကွက်ရှိ ဘရိုင်ယန် ဘ‌ရောင်း သီရေတာတွင် ဒါရိုက်တာ ကိုပေါက် ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” ရုပ်ရှင် ရုံပြည့် ရုံလျှံ အားပေးမှု ရရှိခဲ့ကြောင်း သိရသည်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို နိုင်ငံပေါင်း ၆ နိုင်ငံရှိ မြို့ကြီး ၉ မြို့တွင် ပြသရန် စီစဥ်ထားပြီး ဆစ်ဒနီ မြို့ပွဲသည် လန်ဒန်မြို့ပြီးလျှင် ဒုတိယ မြောက်ပြသခြင်းဖြစ်ကြောင်း၊ ဆစ်ဒနီမြို့ပွဲတွင် လက်မှတ်ရောင်းရငွေ အပါအဝင် လှူဒါန်းငွေ စုစုပေါင်း သြစတြေးလျ ဒေါ်လာ ၁၇၀၀၀ ကျော်ရရှိခဲ့ပြီး ဤအလှူငွေများကို နွေဦးတော်လှန်ရေးအတွက် လိုအပ်နေသော နေရာများကို အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

” ကိုပေါက်ရဲ့ အနုပညာကို ကမ္ဘာကို ဖြန့်နိုင်ခဲ့တာ အဓိကပါ။ ဆစ်ဒနီမှာ ခုံ ၃၅၀ ကို လက်မှတ် အကုန်ရောင်းခဲ့ရပါတယ်။ထပ်တိုးပေးဖို့ အခက်အခဲရှိလို့ မတိုးပေးနိုင်ခဲ့တာပါ ” ဟု​ ရုပ်ရှင် ပြသနိုင်ရန် ဆစ်ဒနီတွင် စီစဥ်သူ တစ်ဦးဖြစ်သူ မဒီဇင်ဘာဟန်က ပြောဆိုသည်။

“မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို ဂျပန်၊အမေရိကန် ၊ ကိုရီးယား နှင့် ဆွစ်ဇာလန် စသည့် နိုင်ငံများတွင် ဆက်လက်ပြသ သွားမည်ဖြစ်ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article