ရန်ကုန်၊ အောက်တိုဘာ ၇
အာဏာရှင်စနစ် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၇ ရက်နေ့တွင် “ဒီအချိန်မှာ သီတင်းကျွတ်တာကအရေးမကြီးဘူး။ အာဏာရှင်လက်က လွတ်အောင်ရုန်းဖို့သာ အရေးကြီးတယ်” ခေါင်းစဥ်ဖြင့် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။