28 C
Yangon

ထီးလင်းတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်က သရခါရွာကို မီးတင်ရှို့၊ နေအိမ် ၆ လုံးပြာကျ

Must read

ရန်ကုန်၊ အောက်တိုဘာ ၇

မကွေးတိုင်း ထီးလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ထီးလင်း ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က သရခါရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း PDF-Htilin ထံမှ သိရသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင် ရွှေအောင်သာ ဘက်မှ ထီးလင်း ဘက်သို့ ထွက်ခွာလာသည့် အင်အား ၈၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြည်ချောင်း တံတားတွင် မွန်းလွဲ ၃ နာရီ ၁၉ မိနစ်ခန့်၌ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ရှော့တိုက် စိန်ပြောင်းများ၊ ပဒေသာ မိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ကာကွယ်ရေး တပ်ဖွဲ့များ ဖောက်ခွဲ တိုက်ခိုက်ပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှလည်း ၄၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ သရခါရွာ ဘုရားကုန်းအနီး ကင်းပုန်းယူထားသော စစ်တပ်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် PDF-Htilin ဘက်မှ ၆၀ မမ လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က သရခါရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဘေးအိမ်များပါ မီးကူးစက် လောင်ကျွမ်းခဲ့သောကြောင့် နေအိမ် ၆ လုံး ပြာကျခဲ့ကြောင်း သိရသည်။

သရခါရွာအတွင်းရှိ မီးလောင်ကျွမ်းနေသော ပြည်သူပိုင် နေအိမ်များကို ဒေသကာကွယ်ရေး အဖွဲ့များဖြစ်သည့် PDF-Htilinနှင့် YDF-Htilin တို့မှ ဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ကြောင်း၊ ထို့ပြင် စစ်ဘေးရှောင် ပြည်သူများ အန္တာရယ် ကင်းရှင်းစေရေး အတွက် PDF-Htilin မှ ၎င်းတို့ ထောင်ထားသည့် မိုင်းများအား ပြန်လည် ဖြုတ်ယူစဥ် ပေါက်ခွဲမှု ဖြစ်ပွားခဲ့ပြီး ရဲဘော် ၂ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article