25 C
Yangon

ကျောက်ပန်းတောင်း၊ ငါန်းဇွန် နှင့်ရန်ကုန်တို့တွင် အုပ်ချုပ်ရေးမှူး၊ စစ်တပ်သတင်းဟု သတ်မှတ်ခံရသူများနှင့် စစ်တပ်ပိုင် စက်ရုံ လုံခြုံရေးတို့ ပစ်ခတ်ခံရပြီး ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၇

ကျောက်ပန်းတောင်း၊ ငါန်းဇွန် နှင့်ရန်ကုန်တို့တွင် အုပ်ချုပ်ရေးမှူး၊ စစ်တပ်သတင်းဟု သတ်မှတ်ခံရသူနှင့် စစ်တပ်ပိုင် စက်ရုံ လုံခြုံရေး စုစုပေါင်း ၄ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ကျောက်ပန်းတောင်းမှ အုပ်ချုပ်ရေးမှူး ဝင်းဗိုလ် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လေးပင်မြောက်ရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဝင်းဗိုလ်သည် ယနေ့ ကျောက်ပန်းတောင်းသို့ ကားဖြင့် စျေးဝယ်သွားပြီး အပြန်လမ်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ငါန်းဇွန်မြို့နယ်မှ စစ်တပ်သတင်းပေး ၃ ဦး ဖမ်းဆီးထားပြီး ၂ ဦးကို ရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ငါန်းဇွန်မြို့နယ်၊ညောင်ပင်ကုန်းအုပ်စု၊ သရက်ကန်ရွာ စစ်ကောင်စီသတင်းပေး ဒလန် အဖြစ် လုပ်ဆောင်နေသူ ကျော်လှိုင်၊ အောင်သူမိုးတို့ကို PDF များက ဖမ်းဆီးပြီး ရှင်းလင်းလိုက်ကြောင်း ၊ စစ်တပ် သတင်း ပေး ဒလန်သန်းထွန်းကို ဆက်လက်စစ်ဆေးနေကြောင်း ၊ အဆိုပါ မစ်ရှင်ကို TGYR-Youth Guerrilla Counter Revolution(Logo)ပြောက်ကျားအဖွဲ့နှင့်အတူ ဇင်ယော်နီပြောက်ကျားတပ်ဖွဲ့၊ မာန်စွယ်ကျား အထူးပြောက် ကျားတပ်ဖွဲ့ ၊ မီးနဂါး-NZN Revolution Force ၊One (LPDF)အဖွဲ့တို့ကပူးပေါင်းဆောင် ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တွင် စစ်တပ်ပိုင် ပျဉ်းမပင် နို့ချက်စက်ရုံ လုံခြုံရေး စစ်မှုထမ်းဟောင်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြိုနယ်ရှိ စစ်တပ်ပိုင် ပျဉ်းမပင်နို့ချက်စက်ရုံရှေ့တွင် စက်ရုံလုံခြုံရေးဝန်ထမ်း စစ်မှုထမ်းဟောင်း စောနိုင်ကို ယနေ့ အောက် တိုဘာလ ၇ရက်နံနက် ၈ နာရီအချိန် သေနတ်သမားက ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်း ၊ စောနိုင်သည် အလုပ်ဆင်းရန် လာစဉ် သေနတ်သမားများက ပစ်သတ်ဖြင့် ဦးခေါင်းပွင့် ဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးကြောင်း သိရှိရသည်။

ဓာတ်ပုံ- ငါန်းဇွန်မြို့နယ် စစ်တပ်သတင်းပေးများထံမှ ရရှိထားသည့် လက်နက်နှင့်ဖုန်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article