30 C
Yangon

မြောင်၊ ညောင်ကားယားရွာကို စစ်တပ် မီးတင်ရှို့နေပြီး ရွာလုံးကျွတ် ထွက်ပြေးနေရ၊ မအူကြီးရွာကိုလည်း စစ်တပ်က လက်နက်ကြီး များဖြင့် ပစ်ခတ် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ညောင်ကားယားရွာကို အကြမ်းဖက် စစ်တပ် ယနေ့ နံနက်ပိုင်းတွင် မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ညောင်ကားယားရွာကို ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ပြီး ကျေးရွာနေ ပြည်သူ ၁၅၀၀ ခန့်သည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

” မြင်းခြံဘက်က မော်တော်တွေ အများအပြားနဲ့ ဧရာဝတီမြစ်ကို ဖြတ်ပြီး တက်လာတဲ့ စစ်ခွေးတွေက ညောင်ကားယားရွာကို ဝင်ရောက် စီးနင်းပြီး မီးရှို့နေတာ ခန့်မှန်းခြေ ရွာထဲမှာ နေအိမ် ၅ လုံးလောက် ပြာကျသွားပြီ အရေအတွက် အတိအကျတော့ မသိရသေးဘူး။ အိမ်ခြေက ၂၅၀ လောက်ရှိတယ် ရွာထဲမှာ ကျေးရွာနေ ပြည်သူ ၁၅၀၀ လောက်က ဘေးလွတ်ရာသို့ ပြေးနေရတယ်” ဟု Myaung Eagle People’s Defence Force မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ မုံရွာမြို့နယ်၊ မအူကြီးကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ထိမှန်ပျက်စီးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

မုံရွာမြို့တောင်ဘက်ရှိ မြို့အဝင် မုခ်ဦးအနီးတပ်စွဲထားသော အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၈ ရက် ယနေ့နံနက်အစောပိုင်း ၁ နာရီ ၁၁ မိနစ်တွင် မုံရွာ-ချောင်းဦးကားလမ်းပေါ်ရှိ မအူကြီးကျေးရွာကို လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး ထိမှန်ပြီး အိမ်အတွင်း၌ အိပ်နေသော အမျိုးသမီးတစ်ဦး လက်တွင် လက်နက်ကြီးစထိမှန်ပြီး ဒဏ်ရာရခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

မအူကြီးကျေးရွာသည် မုံရွာမြို့နှင့် တစ်မိုင်နီးပါးခန့်သာ ကွာဝေးပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article