31 C
Yangon

မရမ်းကုန်း ၂ ရပ်ကွက်တွင် တက္ကစီသမားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး၊ ခင်ဦးတွင် ခရီးသွားဟန်ဆောင် သတင်းစုံစမ်းသူ ပျူစောထီး တစ်ဦးကို ဖမ်းမိ

Must read

ရန်ကုန်၊ အောက်တိုဘာ ၈

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက် ၊ ဦးဘဟန်လမ်းတွင် တက္ကစီသမားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။

အောက်တိုဘာလ ၈ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေနတ်သမားက တက္ကစီသမားကို အနီးကပ် ၂ ချက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ယင်နောက် စစ်တပ်က လမ်းကို ပိတ်ထားကြောင်း ၊ လက်ရှိတွင်စစ်ကား ၃ စီးနှင့် ရဲကား ၁ စီး ရောက်ရှိနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

“အခုမီးပါဖြတ်ပစ်လိုက်ပြီ။ ဦးဘဟန်လမ်းထိပ်ကိုလည်းပိတ်ထားတယ်။ အခုလည်း လမ်းပြန်ဖွင့်ထားတယ်။ ဒလန်လား ဘာလားတော့ သေချာမသိဘူး။ ပစ်ခတ်ခံရပြီး သေသွားတယ်။ ဘာဖြစ်လို့ အပစ်ခံရတာလဲ သေချာမသိရသေးဘူး။ စစ်ခွေးတွေ များတော့ မသွားရဲဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင်လည်း ခရီးသွားဟန်ဆောင်ပြီး သတင်းလာစုံစမ်းသည့် ပျူစောထီး ၁ ဦးကို အောက်တိုဘာလ ၇ ရက်နေ့တွင် Dynamite Squad အဖွဲ့က လက်ရဖမ်းဆီးမိပြီး ဥပဒေအရ အရေးယူဆောင် ရွက် နိုင်ရန် စီစဉ်ထားကြောင်း အဆိုပါ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ခရီးသွားဟန်ဆောင်ပြီး ဝင်လာတဲ့ ပျူတစ်ကောင်ဖမ်းမိထားပါတယ်။ တရားဥပဒေအရ စီရင်နိုင်ဖို့ အပ်နှံသွားမှာပါ။” ဟု Dynamite Squad အဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။

ဓာတ်ပုံ- ခင်ဦးတွင် အောက်တိုဘာလ ၇ ရက်နေ့က ဖမ်းမိသော ပျူစောထီးတစ် ဦး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article