ရန်ကုန်၊ အောက်တိုဘာ ၉
ရန်ကုန်တွင် သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီရင်ပြင်တွင် စစ်အာဏာရှင် တော်လှန်ရေး “အရေးတော်ပုံ အောင်ရမည်” ပိုစတာ ကိုင်ဆောင် ဆန္ဒပြကြသည်။
ယနေ့ အများပြည်သူအားလုံး၏ မင်္ဂလာရက်မြတ်သီတင်းကျွတ်လပြည့်နေ့၌ ရန်ကုန်မြို့၏ ပြယုဂ်ဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဓမ္မဝါဒီအတွက် “ အရေးတော်ပုံ အောင်ရမည် “ ဟူသော လူထုလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ကြသည်။
ဆန္ဒပြလှုပ်ရှားမှုကို ရွှေတိဂုံဘုရားရင်ပြင်များ ၊ မုခ်ဦးနှင့် ဂိတ်ဝများတွင် စစ်ကောင်စီ၏ အခိုင်းအစေ အင်အားတိုးချဲ့နေသည့်ကြားမှ အရဲစွန့်ကြိုးပမ်းခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုကဲ့သို့ အများပြည်သူများအလယ်တွင် ကြိုးစားပုံဖော်ခဲ့ရခြင်းမှာ လူထုအားကို မုချ ယုံကြည်၍ဖြစ်ပြီး တစ်နည်းအားဖြင့် လူထုအခြေပြုတော်လှန်နေသည့် “ ဤအရေးတော်ပုံကြီး အောင်မှသာလျှင် “ ကျွန်ုပ်တို့အားလုံး၏ အိမ်မက်များ ၊ တောင်းဆုများ ပြည့်ဝမည်သာဖြစ်ကြောင်း သတိချပ်စေသောကြောင့်ပင်ဖြစ်သည်ဟု ဆန္ဒပြလှုပ်ရှားသူများက ဆိုသည်။
ဆန္ဒပြလှုပ်ရှားမှုကို Yangon Revolution Force – YRF ၏ Soft Strike Community မှ လူငယ်ရဲဘော်များ အသက်စွန့်ကြိုးပမ်းခဲ့ကြခြင်းဖြစ်ပြီးလုံခြုံရေးအထပ်ထပ်၊ အန္တရာယ်အထပ်ထပ်ကြားမှ လှုပ်ရှားလုပ်ဆောင်ရခြင်းဖြစ်သည့်အတွက် ဓာတ်ပုံမှတ်တမ်းပြည့်စုံစွာမရရှိမှုအတွက် နားလည်ပေးကြရန် တောင်းပန်ထားသည်။