28 C
Yangon

မတ္တရာတွင် ရဲတပ်သား စိုးကိုကို ပစ်ခတ်ခံရပြီး သေဆုံး၊ တွံတေးတွင် စစ်တပ်သတင်းပေး လူမိုက် လင်မယား ၂ ဦးကို ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကွေးတောကျေးရွာနှင့် ပိဿနိုးကျေးရွာကြားတွင် အောက်တိုဘာ ၇ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်အချိန် ကွေးတောကျေးရွာသား ရဲတပ်သား စိုးကိုကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ရဲတပ်သား စိုးကိုကိုကို သေနတ်သမားတချို့က သေနတ်ဖြင့် ၃ ချက်ပစ်ခတ်ရာမှ သေဆုံးသွားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က အောက်တိုဘာလ ၇ ရက်နေ့ ညပိုင်းတွင် PDF ဟု မသင်္ကာမှုဖြင့် လူငယ် ၅ ဦးကို ဖမ်းဆီး ထားကြောင်း သိရှိရသည်။

“ရဲတပ်သား စိုးကိုကိုက ဆိုင်ကယ်နဲ့ ရွာအပြန်မှာ အပစ်ခံရတာပါ။ ရဲစခန်းမှာ တာဝန်ကျပေမယ့် သူက တစ်ချိန်လုံး ဆိုင်ကယ်တစ်စီးနဲ့ပတ်နေတဲ့သူ။ အဲဒါ ရဲက စိုးကိုကိုသေတဲ့အမှုနဲ့ပတ်သက်ပြီး လူငယ် ၅ ဦးကို PDF ဆိုပြီး မသင်္ကာမှုနဲ့ ဖမ်းထားပါတယ်။ အဲဒီ လူငယ် ၅ ဦး နာမည်တွေတော့မသိရသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြိုနယ်၊ ဒရယ်လမီးအုပ်စု၊ မယ်ပြေကျေးရွာတွင် အောက်တိုဘာ ၈ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန် စစ်တပ်သတင်းပေး လူမိုက် ထွန်းထွန်း(ခ) ပေါင်းမိုးကြီးနှင့် ဇနီး ရီရီမြင့် တို့ကို နေအိမ်တွင် ရှိနေစဉ် ဝင်ရောက်ရှင်းလင်းကြောင်း တွံတေးမြို့ ပြပျောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

လူမိုက် ပေါင်းမိုးကြီး(ခ) ထွန်းထွန်းသည် စစ်တပ်သတင်းပေးလုပ်ကိုင်နေသူဖြစ်ပြီး ပျူစောထီးများနှင့်လည်း ပူးပေါင်းနေသူဖြစ်ကြောင်း၊ ထွန်းထွန်းကို ရှင်းလင်းစဉ် ဇနီးရီရီမြင့်က ပျောက်ကျားတပ်ဖွဲ့ ရဲဘော်များကို ရန်ပြုသဖြင့် ရှင်းလင်းခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မတ္တရာတွင် ပစ်ခတ်ခံရပြီး သေဆုံးသူ ရဲတပ်သား စိုးကိုကို။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article