24 C
Yangon

ဒူဘိုင်းတွင် အိမ်အကူ အလုပ် လုပ်ရန် သွားရောက်ကြသည့် နွားထိုးကြီးမှ မြန်မာအမျိုးသမီး ၁၂ ဦး နိုင်ငံကူးလက်မှတ် သိမ်းဆည်းခံရပြီး အခန်းတစ်ခုထဲတွင် သော့ခတ် ပိတ်လှောင်ခံထားရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၉

မန္တလေးတိုင်း မြင်းခြံ ခရိုင်၊ နွားထိုးကြီးမြို့နယ်၊ လက်ဝဲ+မြင်းနီ ရွာမှ ကျေးရွာသူ ၅ ဦးအပါအဝင် မြန်မာအမျိုးသမီး ၁၂ ဦးသည် ဒူဘိုင်းတွင် အိမ်အကူ အလုပ်ရမည်ဟု ဆိုကာ တစ်ဦးလျှင် အေဂျင်စီဝန်ဆောင်ခ ကျပ် ၁၀ သိန်း ၅ သောင်းနှုန်းဖြင့် ဒူဘိုင်းသွားရောက်ခဲ့ပြီး ဒူဘိုင်းရောက်ရှိချိန်တွင် အမျိုးသမီး ၁၂ ဦးလုံး၏ ပတ်စ်ပို့နှင့် ဖုန်းများ အသိမ်းခံရကာ အခန်းတစ်ခုတွင် သော့ခတ်ပိတ်လှောင်ခံထားရကြောင်း အဆိုပါ အမျိုးသမီးများကို အကူအညီပေးသူများထံမှ သိရှိရသည်။

“ပတ်စပို့စ်တွေလည်း သိမ်း၊ ဖုန်းတွေလည်း သိမ်းထားခံရနေတယ်။ ဒူဘိုင်းရောက်တော့ အခန်းထဲမှာ သော့ခတ်ထားတယ်။ ဒူဘိုင်းရှိတဲ့ ပွဲစားက မြန်မာပဲ။ သူက သော့ခတ် လုပ်ထားတာ။ သူဌေး လာခေါ်ရင် အလှပြင်ပြီ ထွက်ပြရတယ် ။ သူဌေးက ကြိုက်ရင်ခေါ်သွားတယ်။ အိမ်အကူ အလုပ်လုပ်ဖို့။ မကြိုက်ရင် အခန်းထဲပြန်နေရတာ။ တစ်လကျော်တွေလည်း ရှိတယ်” ဟု လက်ဝဲ+မြင်းနီရွာခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

ထိုသို့ ဒူဘိုင်းတွင် ဒုက္ခရောက်နေသည့်အတွက် ရန်ကုန်မှ ပွဲစားဖြစ်သူ မဟေ မာန် ကို ဖုန်းခေါ်ဆိုသော်လည်း ဖုန်းမကိုင်ဘဲ တိမ်းရှောင်နေကြောင်း၊ လက်ဝဲ+မြင်းနီရွာမှာ ဒူဘိုင်းသို့ ပို့ပေးရန် ပွဲစားလုပ်နေသူမှာ ဒေါ်ခင်မာကြည် ဆို သူဖြစ်ပြီး ၎င်း၏ သမီးဖြစ်သူ အေးလတ်သူမှာ ဒူဘိုင်းတွင် ရှိနေသူဖြစ် ကြောင်း၊ ဒူဘိုင်းတွင် အခန်းတစ်ခုထဲ ပိတ်လှောင်ခံရပြီး ဒုက္ခရောက်နေသူများတွင် မဂျာနူး၊ မသက်ထွေး၊ မညိုညို၊ မသီဝင်းနှင့် အမျိုးသမီးတစ်ဦး အပါအဝင် ၁၂ ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အခု မြန်မာပြည် ပြန်မယ် ပြောတော့ ၄၅ သိန်း ပြန်လျော်ရမှာတဲ့။ ဘယ်လိုလုပ် ရှိမှာလဲ။အားလုံးပြန်ချင်နေကြတာ ငိုနေကြတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article