28 C
Yangon

၅/ဘုတလင် ကျေးရွာလူထုသပိတ်စစ်ကြောင်းနှင့် မုံရွာပင်မသပိတ် ပူးပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်

Must read

ရန်ကုန်၊ ​အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ကျေးရွာတစ်ရွာရှိပြည်သူလူထုများ၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီ ဝင်များ၊ မုံရွာပင်မသပိတ်ကော်မ တီဝင်များ ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ အတူပူးပေါင်းကာ “ဓမ္မ ကို ဂုဏ်ပြုပူဇော် အဓမ္မ ကိုလောင် ကျွမ်း စေ” ဘန်နာစာတန်းကိုင်စွဲ၍ သီတင်းကျွတ်လပြည့်နေ့တွင် လူထုသပိတ်စစ်ကြောင်းချီတက်ကြသည်။

သပိတ်တွင် ဆီမီးများ ထွန်းကာ ​ဒေါ်​အောင်ဆန်းစုကြည် အပါ အဝင်အကျဥ်းကျနေသော နိုင်ငံရေးအကျဉ်းသားများ အမြန်ဆုံးလွတ်​မြောက်ပါစေကြောင်း၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများ ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေကြောင်း၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ ၊PDF တပ်ဖွဲ့များအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး တိုက်ပွဲတိုင်းအောင်နိုင်ပါစေကြောင်း ဆုတောင်းပွဲပြုလုပ်ကြသည်။

Photo-အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article